နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကမ္ဘာတစ်ဝှမ်းက ကလေးငယ်နဲ့ လူငယ်ပေါင်း ၂၇၂ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရ

ကမ္ဘာတစ်ဝှမ်းက ကလေးငယ်နဲ့ လူငယ်ပေါင်း ၂၇၂ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရ

Hsan Loi Editor
24/01/2026
Share:
ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားဆက်ဆံမှု၊ ပဋိပက္ခ၊ ရွေ့ပြောင်းနေထိုင်နေရမှုနဲ့ သဘာဝဘေးအန္တရာယ်တွေ ကြောင့် ကမ္ဘာတစ်ဝှမ်းက ကလေးငယ်နဲ့ လူငယ်ပေါင်း ၂၇၂ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရ တယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ပညာရေးနေ့မှာ အစိုးရများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ အလှူရှင် နိုင်ငံများအနေနဲ့ မိမိတို့ရဲ့ မူဝါဒတွေ၊ ဘတ်ဂျက်တွေနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု စတဲ့ လုပ်ငန်းစဥ်တွေမှာ ပညာရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရန် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရက်စ် က တိုက်တွန်းထားပါတယ်။May be an image of child
ဒါ့အပြင် ပညာသင်ကြားခွင့်၊ အရည်အသွေးနဲ့ နည်းပညာဆိုင်ရာ ကွာဟချက်တွေ မရှိစေဖို့နဲ့ လူငယ်တိုင်း သူတို့ ရရှိပိုင်ဆိုင်ထိုက်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အတူ ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကျောင်းသားလူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှုများစွာရှိနေပါတယ်။
May be an image of child and text
ပညာသင်ကြားခွင့်ဟာ အခြေခံလူ့အခွင့်အရေးတစ်ခု ဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြဋ္ဌာန်းထားကာ ပညာရေးနဲ့ ပတ်သက်ပြီး အလေးထားနိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံပြီး နှစ်စဥ် ဇန်နဝါရီလ ၂၄ ရက်ကို နိုင်ငံတကာပညာရေးနေ့ (International Day of Education) ဆိုပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ စတင်သတ်မှတ် ပေးခဲ့တာပါ။
Photo – UN Myanmar