နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်နဲ့ သျှမ်းရှေ့ကို ဆက်သွယ်ထားတဲ့ အရှည် ၈၇၆ ပေရှိတဲ့ သံလွင်မြစ်ကူးတံတား(တာဆန်း) စစ်ခေါင်းဆောင် ဖွင့်လှစ်ပေး

သျှမ်းတောင်နဲ့ သျှမ်းရှေ့ကို ဆက်သွယ်ထားတဲ့ အရှည် ၈၇၆ ပေရှိတဲ့ သံလွင်မြစ်ကူးတံတား(တာဆန်း) စစ်ခေါင်းဆောင် ဖွင့်လှစ်ပေး

Hsan Loi Editor
21/01/2026
Share:
ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ရှိ သံလွင်မြစ်ကူး တံတား(တာဆန်း)ကို စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်ဖွင့်လှစ်ပေး ခဲ့တယ်လို့သိရပါတယ်။
May be an image of text
တာဆန်းတံတားအဟောင်းမှာ ၁၆ တန် သာ ခံနိုင်ဝန်ရှိတာကြောင့် အလေးချိန်တန် ၆၀ အထိ ခံနိုင်တဲ့ တံတားအသစ်တည်ဆောက်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ပန္နက်ချခဲ့တာဖြစ်ပါတယ်။
No photo description available.
အခု သံလွင်မြစ်ကူးတံတား(တာဆန်း)ဟာ သျှမ်းပြည်နယ်တောင်ပိုင်းနဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး တံတားအရှည် ၈၇၆ ပေရှိကာ ယာဥ်သွားလမ်းအကျယ် ၂၃ ပေ၊ ဆိုင်ကယ်လမ်း တစ်ဖက် ၅ ပေစီနဲ့ စုစုပေါင်း တံတားအကျယ် ၃၃ ရှိတဲ့ သံမဏိသံပေါင်တံတား ဖြစ်ကာ ပေ ၉၀၀ ရှိ ကြိုးတံတားအဟောင်းရဲ့ အနီးမှာ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ယခုတံတားအသစ် တည်ဆောက်ပြီးစီးခဲ့တာကြောင့် သျှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး− နမ့်စန် −မိုးနဲ−လင်းခေး−မိုင်းပန်နဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ−မိုင်းဆတ်−တာချီလိတ် တို့ကို အလွယ်တကူ ကုန်စည်ကူးသန်းသွားလာမှု ပိုမိုမြန်ဆန်လာမှာပဲဖြစ်ပါတယ်။