လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီး တွင် ကျောင်းအုပ်ဆရာမ၏ သားဖြစ်သူမှ အဆောင်နေ ကျောင်းသူတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်လို့ ဖမ်းဆီးခံရ

တောင်ကြီး တွင် ကျောင်းအုပ်ဆရာမ၏ သားဖြစ်သူမှ အဆောင်နေ ကျောင်းသူတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်လို့ ဖမ်းဆီးခံရ

Hsan Loi Editor
19/01/2026
Share:
တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်း အုပ် ကြီး၏ သားဖြစ်သူက အဆောင်နေ Grade 12 သက် ၁၉ နှစ် ကျောင်း သူတစ်ဦးကို ခြိမ်းခြောက်ပြီး အလိုမတူပဲအဓမ္မပြုကျင့် လို့ ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်း တွင်ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။
” ပုတ်ရင်ပေါ်တယ်လေ ဒီသတင်းကို ကျောင်းကအသဲအသန်လိုက်ဖုံးနေတာ ၊ကလေးကို စိတ်ချချင်လို့ ရှားပါးတဲ့ခေတ်ပျက်ကြီးထဲမှာ ကုန်းရုန်းရှာပြီး ထားကြတာပါ ၊ စာမေးပွဲကလည်းနီးပြီ မိဘတွေ ဘာဆက်လုပ်ကြမှာလဲ အောင်မြေသစ်ဆိုတာ တောင်ကြီး မြို့မှာတော့ နာမည်ကြီးကျောင်းတစ်ကျောင်းပါ ” လို့ကျောင်းသားမိဘ တစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက် ၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ၊ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးက ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင် ၌ပြန်နားနေစဉ် နေ့လည် ၁ နာရီ အချိန်ခန့်က ကျောင်းမှကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး အရင်ကရည်းစားမရှိဘူးလားဟု မေးမြန်း၍ မဖွယ်မရာ ဗီဒီယို /ပုံ များကို တယ်လီဂရမ် တွင်တွေ့သည်ဟုပြောဆိုကာ ဖျက်လိုလျှင်ငွေကျပ် သိန်း ၂၀ ပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုကာ သူမကိုအလိုမတူဘဲ အဓမ္မ ပြုကျင့်ခြင်းဖြစ်ကြောင်းသိရသည်။
ကျူးလွန်သူ ဇာနည်သွေး အသက် (၂၉) နှစ်သည် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်း မှကျောင်းအုပ်ကြီး ၏သားဖြစ်ပြီး ထိုကျောင်းတွင် ၎င်း၏ ဇနီးသည် ဖြစ်သူ ကျောင်းဆရာမလည်း ရှိ ကြောင်း သိရသည်။
ဇာနည်သွေးကို တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး နယ်မြေ ရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ ဖြင့် နစ်နာသူကျောင်းသူ ဘက်မှ အမှုဖွင့်ထားခြင်း ဖြစ် ကြောင်း သိရသည်။
အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်း သည် တောင်ကြီး မြို့တွင် နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျန်းမာရေးရုံးလမ်း ၊ သစ်တောရပ်ကွက် တွင်တည်ရှိသည် ။