နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံက တစ်ကိုယ်ရေသမားများအတွက် အိမ် ထောင်ဖက်ရှာဖွေပေးမယ့်မူဝါဒ ဖော်ဆောင်ပေးမယ်လို့ ထိုင်းကိုယ်စားလှယ်လောင်းတစ်ဦးပြော

ထိုင်းနိုင်ငံက တစ်ကိုယ်ရေသမားများအတွက် အိမ် ထောင်ဖက်ရှာဖွေပေးမယ့်မူဝါဒ ဖော်ဆောင်ပေးမယ်လို့ ထိုင်းကိုယ်စားလှယ်လောင်းတစ်ဦးပြော

Hsan Loi Editor
18/01/2026
Share:
ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါက ထိုင်းနိုင်ငံက အပျို/လူပျို တစ်ကိုယ်ရေ သမားများအတွက် အိမ်ထောင်ဖက် ရှာဖွေပေးမယ့်မူဝါဒ ချမှတ်ပြီး ဖော်ဆောင်ပေးမယ်လို့ New Alternative Party က ကိုယ်စားလှယ်လောင်း Mongkolkit Suksintharanon က ယမန်နေ့က သူ့ရဲ့ Facebook စာမျက်နှာ ကနေတဆင့် မဲဆွယ်စည်းရုံးခဲ့ပါတယ်။
သူမဲဆွယ်စည်းရုံးတဲ့ထဲမှာ အစိုးရဟာ အိမ်ထောင်ဖက် မရှိတဲ့ နိုင်ငံသားများအတွက် သင့်တော်တဲ့ အိမ်ထောင် ဖက် (လိင်တူ၊ လိင်ကွဲ)များကို ရှာဖွေပေးမှာဖြစ်ပြီး အတူ တကွနေထိုင်ပြီးနောက် အဆင်မပြေရင် အိမ်ထောင်ဖက်အသစ်တစ်ဦးကို စီစဥ်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားတစ်ဦးက နိုင်ငံခြားသား အိမ်ထောင်ဖက်တစ်ဦးကို လိုချင်ပါကလည်း အစိုးရက ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပါတယ်။
သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို ထိုင်းနိုင်ငံက တစ်ကိုယ်ရေသမားများအတွက် နှစ်သက်သဘောကျပြီး မြင်ဖူးသမျှ မူဝါဒတွေထဲမှာ ဒီတစ်ခုက အကောင်းဆုံးဖြစ်တယ်လို့ သူ့ရဲ့ ပိုစ့်အောက်ကနေ မှတ်ချက်ပေးပြီး အရွှန်းဖောက်ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မဲဆွယ်စည်းရုံးရေးတစ်ခုမှာလည်း အမျိုးသမီးတစ်ဦးလျှင် လင်ယောကျာ်း ၄ ဦး ယူနိုင်တဲ့ ဥပဒေပြဋ္ဌာန်းပေးမယ်လို့လည်း အဲ့ဒီပါတီက ကိုယ်စား လှယ်လောင်းက မဲဆွယ်စည်းရုံး ပြောဆိုခဲ့တာကြောင့် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား လူပြောများခဲ့ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၈ ရက်မှာ ထိုင်းရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ပါတီနိုင်ငံရေးတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မဲဆွယ်စည်းရုံး နေကြပါတယ်။