ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

Hsan Loi Editor
18/01/2026
Share:
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးမှာ ခရီးသည်တင်ယာဉ်(၁)စီး ချောက်ထဲကျကာ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
May be an image of tree
အဲ့ဒီဖြစ်စဥ်ဟာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်လောက်က လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးက မိုင်တိုင်အမှတ် (၁၇၇/၁) နဲ့ (၁၇၇/၂) ကြားမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
No photo description available.
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်(၁၁)ဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အမျိုးသား(၃)ဦး ၊ အမျိုးသမီး (၆)ဦး တို့ကို လွိုင်လင်ခရိုင် မီးသတ်စခန်းက လူနာတင် ယာဉ်(၁)စီး၊ နမ့်စန်မြို့နယ် ကြက်ခြေနီအသင်းမှ လူနာ တင်ယာဉ်(၁)စီးနဲ့ တောင်တန်းလူငယ်ပရဟိတအသင်း ယာဉ်(၁)စီးတို့နဲ့ လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆီကသိရှိရပါတယ်။
May be an image of toy
Photo – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့