၂၀၂၅ ခုနှစ် တစ်နှစ်တာကာလ အတွင်းစစ်အုပ်စု၏ လေ ကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီးသေဆုံးမှု (၇၉၂)ဦးထိရှိလာသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။
သေဆုံးခဲ့ရသည့် အကြောင်းရင်းသည် စစ်တပ် ၏လေ ကြောင်းတိုက်ခိုက်ခြင်းကြောင့် (၆၂၁)ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၁၀၂)ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၃၉)ဦး၊ မြေမြှပ်မိုင်းကြောင့် (၁၃)ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၆)ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၅)ဦး၊ ထောင်တွင်းဆေးဝါးကုသခွင့် မရ၍ သေဆုံးရသူ(၃)ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၃)ဦးရှိကြောင်း (BWU ) ကဖော်ပြထားသည်။
ထိုသေဆုံးမှုများထဲတွင် အသက် ၁၈ နှစ်အောက် သေဆုံးသူအမျိုးသမီး (၁၅၄) ဦးရှိပြီး ကိုယ်ဝန် ဆောင်အမျိုးသမီး သေဆုံး သူ (၅) ရှိကြောင်းသိရသည်။
၎င်းအပြင် စစ်တပ်၏ အကြောင်းအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး (၈၁၅)ဦးရှိကြောင်း ဆိုထားသည်။
BWU၏ ဖော်ပြချက်အရ (၂၀၂၅)ခုနှစ် သေဆုံးခဲ့ရသည့် အမျိုးသမီးဦးရေသည် စစ်ကိုင်းတိုင်းတွင် (၂၁၇)ဦး၊ မန္တလေးတိုင်းတွင် (၁၂၃)ဦး၊ ရခိုင်ပြည်နယ်မှ (၁၁၉)ဦး၊ ရှမ်းပြည်နယ်မှ (၈၁)ဦး၊ မကွေးတိုင်းမှ (၆၉)ရှိကြာင်း သိရသည်။
(BWU)အနေနဲ့ ယခုကဲ့သို့ဆိုးရွား လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန် အာဆီယံနှင့် နိုင်ငံ တကာ အသိုင်းအဝိုင်း ကိုလည်းတိုက်တွန်းတောင်းဆိုထားပြီး အရေးပေါ်လုပ်ဆောင်ရန်တိုက်တွန်းချက်များလည်း ထုတ်ပြန်ထားသည်။
၄င်းမှာ စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲကို ကန့်ကွတ်ရှိုတ်ချပြီး ငွေကြေးစီးဆင်းမှုကို ဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကူညီမှု၊ ပူးပေါင်းဆောင် ရွက်မှုကို ချက်ချင်းရုပ်သိမ်းရန် ၊စစ်တပ်ထံ လက် နက် ခဲယမ်း၊ လေယာဥ်ဆီမရောက်စေရန် တိကျစွာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြဌာန်းကျင့်သုံးပြီး အရပ်သားများကို တိုက်ခိုက်မှု ရပ်တန့်ရန် ဖိအားပေးတိုးမြှင့် လုပ်ဆောင်ရန်နှင့် စစ်တပ်ကို အပြစ် ပေးအရေးယူနိုင်ရန် အာဂျင်တီးနား၏ ဖမ်းဝရမ်း ထုတ်ပြန်မှုကို အာဆီယံနှင့် နိုင်ငံတကာ အသိုင်းဝိုင်းများက ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်ရန် တိုက် တွန်းထားသည်။
ထို့အပြင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ LGBTQIA+၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာ ပလက်ဖောင်းများမှတဆင့် စည်းရုံးရေးများ လုပ်ဆောင်ရန် BWU က တိုက်တွန်းထားသည်။
Photo credit နိုင်ငံ နှင့်တစ်ဝှမ်းစစ်ရှောင် အမျိုးသမီးများ၏ ပုံရိပ်တစ်ချို့ ။