နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) မှာ ကျားဖြူပါတီ ၅ မြို့နယ်အနိုင်ရ

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) မှာ ကျားဖြူပါတီ ၅ မြို့နယ်အနိုင်ရ

Hsan Loi Editor
14/01/2026
Share:
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ရှမ်းနှင့်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က သျှမ်း ပြည်နယ်အတွင်းက မြို့နယ် ၅ မြို့နယ်မှာ အနိုင်ရထားတယ်လို့ ကျားဖြူပါတီကထုတ်ပြန်ထားပါတယ် ။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း(၂) ဟာ ရွာငံ၊ ဆီဆိုင်၊ ကလော၊ရပ်စောက်၊ မောက်မယ်၊ မိုင်းခတ်၊ မိုင်းပျင်း၊ မိုင်းဖက်၊ တန့်ယန်း၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းရယ်၊ မိုင်းပန်၊ လဲချား မိုင်းကိုင်၊ မိုင်းဖြတ် မြို့နယ်စုစုပေါင်း ၁၇ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
May be an image of one or more people
ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကျားဖြူပါတီအနေနဲ့ သျှမ်းပြည် နယ်၊ လင်းခေးနဲ့ မိုးနဲ မြို့နယ်များမှာအနိုင်ရရှိထားပြီး၊ ရွေး ကောက်ပွဲ အပိုင်း ၂ မှာတော့ လဲချား၊ မိုင်းကိုင်၊ ကွန်းဟိန်း တွေမှာ အနိုင်ရထားတာဖြစ်လို့ စုစုပေါင်း ၅ မြို့နယ်မှာ ကိုယ် စားလှယ် ၈ ဦး အနိုင်ရရှိထားတယ်လို့ သိရပါတယ်။May be an image of one or more people, tree and text
ဒါပေမဲ့ သျှမ်းတိုင်းရင်းသားအများစုနေထိုင်တဲ့ မိုင်းရယ်နဲ့တန့်ယန်းမြို့နယ်မှာတော့ ရှမ်းပါတီ ဖြစ်တဲ့ ကျားဖြုပါတီကမဲရှုံး သွားပြီး စစ်တပ်ကျောထောက် နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရသွားခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ရွေး ကောက်ပွဲ အပိုင်း ၃ မှာတော့ ကျားဖြူပါတီ အနေနဲ့ ရှမ်းပြည်နယ်က မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ စတဲ့ မြို့နယ် ၉ မြို့နယ်မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။