ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

သျှမ်းပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ စတင်ကျင်းပ

သျှမ်းပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ စတင်ကျင်းပ

Hsan Loi Editor
11/01/2026
Share:
စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှာ စတင်ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်ရှိ မိုင်းပန်မြို့နယ်နဲ့ မောက်မယ်မြို့ နယ်တို့မှာ ယနေ့ နံနက်ပိုင်း ၆ နာရီကတည်းက မဲရုံစတင်ဖွင့်လှစ်ပြီး ပြည်သူတွေ မဲပေးနေကြတယ်လို့ သိရပါတယ်။
“ မိုင်းပန်မှာ မဲလာပေးကြတဲ့သူတွေထဲ လူကြီးပိုင်းအရွယ်တွေများတယ်၊ အရင်ရွေးကောက်ပွဲလိုတော့ လူသိပ်မစည်ဘူး၊ မနက်အစောပိုင်းမို့လို့ လူသိပ်မရှိသေးတာလားတော့ မသိဘူး၊ အေးအေး ချမ်းချမ်းပါပဲ” လို့ မိုင်းပန်မြို့ခံတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
အလားတူ မောက်မယ်မြို့နယ်မှာလည်း ယနေ့ နံနက်အစောပိုင်း မဲရုံမဖွင့်ခင်ကတည်းက တန်းစီစောင့်ဆိုင်းမဲပေးနေကြတယ်လို့ မောက်မယ်မြို့ခံဆီက သိရပါတယ်။
“ဒီဖက်က ပြည်သူတွေက အစောပိုင်းကတည်းက သွားပြီးမဲပေးကြတယ်ပေါ့၊ လူက အစောပိုင်း တုန်းကတော့ နည်းနည်းတန်းစီရတယ်၊ ဒါပေမယ့် အခုရွေးကောက်ပွဲက အရင်တုန်းကလောက် စိတ်အားထက်သန်ပြီး မဲပေးကြတာတော့မရှိဘူး” လို့ မောက်မယ်ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
ဒါ့အပြင် မောက်မယ်မြို့ပေါ်ရှိ မဲရုံတစ်ခုက မဲပေးစက်ချို့ယွင်းမှုရှိပြီး အနည်းငယ် စောင့်ဆိုင်းရတယ်လို့ သူကဆက်ပြောပါတယ်။
မိုင်းပန်နဲ့ မောက်မယ်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့က ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့ သိရပါတယ်။
စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ သျှမ်းပြည်အတွင်းရှိ ရွာငံ၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဥ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင် နဲ့ လဲချား မြို့နယ်တို့ ပါဝင်ပါတယ်။
Photo – Credit to owner (မိုင်းပန်မြို့နယ်ရှိ ပြည်သူများမဲပေးနေပုံ)