လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးရှိ ဘောလုံးကွင်းပတ်လည်မှာ ငှားရမ်းထားတဲ့ ဆိုင်ခန်း၊ တိုက်ခန်းများ အမြန်ဆုံး ဖယ်ရှားဖို့ အမိန့်ထုတ်

တောင်ကြီးရှိ ဘောလုံးကွင်းပတ်လည်မှာ ငှားရမ်းထားတဲ့ ဆိုင်ခန်း၊ တိုက်ခန်းများ အမြန်ဆုံး ဖယ်ရှားဖို့ အမိန့်ထုတ်

Hsan Loi Editor
07/01/2026
Share:
သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်မှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်း၊ တိုက်ခန်းနေရာတွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ဖို့ဆိုပြီး ဘောလုံးကွင်းတိုက်ခန်းပိုင်ရှင် တွေထံ စစ်ကော်မရှင်ရဲ့ လက်အောက်ခံ အားကစားနှင့်ကာယပညာဦးစီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်သတိပေးစာ ပေးပို့အကြောင်းကြားတယ်လို့ သိရပါတယ်။
May be a doodle of blueprint, ticket stub and text that says 'စာအမှတ်၊၁၀၀၅ /ကရ-ဆခ/ရပန စာအမှတ်၊၁၀၀၅/ကရဆ၁/ရန(၀၀၂) (00J) ရက် စွဲ၊၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ စွဲ၊၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ៗ ရက် အကြောင်းအရာ။ ဆိုင်ခန်း/တိုက်ခန်းများ ဖယ်ရှားရှင်းလင်းရန်ကိစ္စ အထက်အကြောင်းအရာပါကိှနှင်ပ်သက ရှမ်းပြည်နယ်အားကအေးကွင်းပတ်လည် တွင် တည်ဆောက်ထားသော ဆိုင်ခန်း/တိုက်ခန်းများနေရာတွင် နိုင်ငံတကာအဆင့်မီအားကစား ကွင်း/အားကစားရုံ့နှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာ( Youth Center )များ တည်ဆောက် သွားမည်ဖြစ်၍ ဘောလုံးကွင်းပတ်လည်ရှိ ငှားရမ်းထားသော ဆိုင်ခန်း/တိုက်ခန်းများ ဖယ်ရှားနိုင်ရေး အတွက်၃ ၂၀၂၅ ရက်ခွဲပါ စာအမှတ်၊ ၁၀၀၅/ ကရ-ဆခ ရပန (၁၈၇၅)ဖြင့် ပထမအကြိမ် အကြောင်းကြားပြီးဖြစ်ပါသည်။ သို့ရာတွင် ဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်း/တိုက်ခန်းများ ယခုအချိန်အထိ ဖယ်ရှား ရှင်းလင်းခြင်း မရှိသည်ကို တွေ့ရှိရပါသဖြင့် ငှားရမ်းခြင်းစာချုပ်ကို ရပ်ခဲလိုက်ပြီး အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရန် ဒုတိယအကြိမ် ထပ်မံအသိပေးအကြောင်းကြားသည်။ ထပ်မံအသိပေးအကြေ ကျော်ကျော်သိန်း ညွှန်ကြားရေးမှူး GO မိတ္တူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့တောင်ကြ ရုံးလက်ခံ'
အဲ့ဒီနေရာကို နိုင်ငံတကာအဆင့်မီ အားကစားကွင်း/အားကစားရုံ၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာ(Youth Center)တွေ တည်ဆောက်သွားမယ်လို့ဆိုပြီး ဆိုင်ခန်း၊ တိုက်ခန်းတွေ ဖယ်ရှားနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ပထမအကြိမ် အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ပထမအကြိမ်အသိပေးပြီးနောက် ဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်း၊ တိုက်ခန်းတွေ ယခုအချိန်ထိ ဖယ်ရှားရှင်းလင်းတာ မရှိတဲ့အတွက် ငှားရမ်းခြင်းစာချုပ်ကို ရပ်စဲပြီး အမြန်ဆုံး ဖယ်ရှားရှင်းလင်းဖို့ ဒုတိယအကြိမ် ထပ်မံအသိပေးအကြောင်းကြားလာတာလို့ဆိုပါတယ်။May be an image of map and text that says 'ငိုလ်စ်လ အိုလံပစ်လမ်း ar Biryani Rice ဒီပေါက် No.1 State No.1StateHigh High အ. No.(1) Β ပ၀ 60g အိုလံပစ်လမ်း'
ဘောလုံးကွင်းတိုက်တန်းမှာ ကား၊ ဆိုင်ကယ် အပိုပစ္စည်းဆိုင်၊ အလှအပရေးရာဆိုင်၊ ပုံနှိပ်လုပ်ငန်းဆိုင်၊ စားသောက်ဆိုင်နဲ့ စာရေးကိရိယာဆိုင် စတဲ့ ဆိုင်ခန်းပေါင်း နှစ်ရာခန့်က ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ယခင်က အားကစားပွဲ ရံပုံငွေရရှိဖို့ဆိုပြီး ဘောလုံးကွင်း ပတ်လည်ရှိ ဆိုင်ခန်းတွေကို ရောင်းချခဲ့ကာ တိုက်ခန်းတွေကိုလည်း အငှားချပေးထားကာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အလားတူ တပ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကျောင်းကြီးစုရပ်ကွက်ထဲက ရှမ်းရိုးမတိုက်တန်းတွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးခဲ့ပါသေးတယ်။