တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၃ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မော်ဒန်နန်းမွေစံ ပြန်လည်လွတ်‌မြောက်လာ

၃ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မော်ဒန်နန်းမွေစံ ပြန်လည်လွတ်‌မြောက်လာ

Hsan Loi Editor
05/01/2026
Share:
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့မော်ဒန် နန်းမွေစံ ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မှာစစ်ကော် မရှင်ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်‌မြောက်လာပြီ လို့ သိရပါတယ်။
စစ်ကောင်စီက နန်းမွေစံကို အီလက်ထရောနစ်ပုဒ်မ ၃၃(က) ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထောင်ချ ခဲ့တာဖြစ်ပါတယ်။
နန်းမွေစံကို စစ်တပ်က ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ယခင်နှစ်တွေကပေးတဲ့လွတ်ငြိမ်းတွေထဲ ပါဝင်လာခြင်းမရှိပဲ ၃ နှစ်ပြည့် မှသာ လွတ်ငြိမ်း နဲ့ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မေလမှာ နန်းမွေစံ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရပါတယ် ။ ဖခင်ဖြစ်သူကို ဘန်ကောက်မှာ ဆေးကုသဖို့ အ တွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန်မှာ ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကသိမ်းဆည်းလိုက်တာပါ ဒါ့ကြောင့် ဖခင်ဖြစ်သူ ဒေါက်တာစိုင်းဆန်းဝင်းက ဆေးကုသမှုမရလိုက်တဲ့အတွက် ကွယ်လွန်ခဲ့တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
နန်းမွေစံဟာဆရာဝန်တစ်ဦး ဖြစ်ပြီး ခန္ဓာကိုယ်အလှ Sexy ပုံတွေကို Facebook ပေါ်တင်လို့ဆိုပြီး မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့် ဆမ လက်မှတ် အသိမ်းခံခဲ့ရပါတယ်။
နန်းမွေစံဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ speak out တွေကို လူမှုကွန်ရက်မှာ အင်္ဂလိပ် လိုပြောဆိုခဲ့ဖူးသလို ဆန္ဒထုတ်ဖော်ခြင်းများမှာလဲပါဝင်ခဲ့ပါတယ် ။