နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အရေးပေါ် ပြည်ပသို့ သွားရောက်လိုသူများ အမြန်ဝန်ဆောင်ခ ၅၄၅,၀၀၀ ကျပ်နဲ့ Passport လျှောက်ထားနိုင်

အရေးပေါ် ပြည်ပသို့ သွားရောက်လိုသူများ အမြန်ဝန်ဆောင်ခ ၅၄၅,၀၀၀ ကျပ်နဲ့ Passport လျှောက်ထားနိုင်

Hsan Loi Editor
03/01/2026
Share:
ပြည်ပသို့ အရေးကြီး/ အရေးပေါ် သွားရောက်လိုသူများအနေဖြင့် အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါ ၅၄၅,၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံကူးလက်မှတ် Passport လျှောက်ထားရယူနိုင်တယ်လို့ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တို့မှာ Online Booking တင်စရာမလို၊ ရုံးတွင်းဆောင်ရွက်ရာမှာ စောင့်ဆိုင်းစရာ မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service)နဲ့ လျှောက်ထားနိုင်ရေး စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။
လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာမှာ နိုင်ငံကူးလက်မှတ်စာအုပ်ရမှာဖြစ်ပြီး အမြန်ဝန်ဆောင်မှု (Express Service)အား အခုလ ဇန်နဝါရီ ၅ ရက်မှ စတင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် အမည်မည်းစာရင်းမှာ ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ် ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိဂ အဖွဲ့အစည်းများမှ ထောက်ခံချက် လိုအပ်သူများအနေနဲ့ ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားရန်လိုတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။