နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၉၉၀၀ ကျော် သေဆုံးခဲ့ဟု စစ်ကောင်စီသတင်း ထုတ်ပြန်

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၉၉၀၀ ကျော် သေဆုံးခဲ့ဟု စစ်ကောင်စီသတင်း ထုတ်ပြန်

Hsan Loi Editor
03/01/2026
Share:
စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင် ဘာလ ၂၆ ရက်အထိ အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၉၉၀၀ ကျော်သေဆုံးခဲ့တယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာ(၂၉)ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင် စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာပါ။
အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝန်းမှာ အပြစ်မဲ့အရပ်သား၊ သံဃာတော်၊ ကလေးသူငယ် တွေ၊ အုပ် ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ အစိုးရဝန်ထမ်းတွေ အပါ အဝင် စုစုပေါင်း ၉၉၀၈ ယောက် သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီ ရဲ့ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိ ယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကအဲ့ဒီအစည်းဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုအညွှန်းကိန်းအစီရင် ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်ဟာ သမားရိုးကျ နည်းလမ်း တွေကနေ နည်းပညာမြင့်မားနေတဲ့ Hybrid ပုံစံကို ကူးပြောင်းလာနေပြီလို့လည်း ထပ်ဆင့် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေဟာ နိုင်ငံရေး၊ လူမှုရေး နဲ့ နည်းပညာဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူပုံ သဏ္ဌာန် အမျိုး မျိုး ပြောင်းလဲလာသလို အကြမ်း ဖက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းရှိ အ ဆောက်အအုံတွေနဲ့ ပစ္စည်းတွေ စုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၁၃၀၁၁ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် တွေအရသိရပါတယ်။