တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အာဆီယံအဖွဲ့ထဲမှာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ ၂ နိုင်ငံသာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လေ့လာသူအဖြစ်စေလွတ်

အာဆီယံအဖွဲ့ထဲမှာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ ၂ နိုင်ငံသာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လေ့လာသူအဖြစ်စေလွတ်

Hsan Loi Editor
29/12/2025
Share:
ယမန်နေ့က ကျင်းပပြီးစီးသွားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကသာ ရွေးကောက်ပွဲ လေ့လာသူအဖြစ် စေလွတ်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ နေ့စဥ်ထုတ်သတင်းစာအရ သိရပါတယ်။
May be an image of text
ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတကာဆက်ဆံရေး အကြီးအကဲ Mr.Nguyen Duc Thinh က ဦးဆောင်ပြီး ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. Yich Sameth က ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။May be an image of one or more people, hospital and text
ဒါ့အပြင် ရုရှား၊ တရုတ်၊ ဘယ်လာရုစ်၊ ကာဇက်စတန် စတဲ့ နိုင်ငံက ကိုယ်စားလှယ်တွေစေလွတ်ပြီး နေပြည်တော် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနဲ့ ပျဥ်းမနားတို့ရှိ မဲရုံတွေမှာ သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အိန္ဒိယ နဲ့ နီကာရာဂွါနိုင်ငံမှလည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုယ်စားလှယ်များ စေလွတ်ခဲ့တယ်လို့ သိရပါတယ်။May be an image of one or more people and dais
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ် စစ်ကော်မရှင်နဲ့လည်း ဆက်ဆံရေးရှိတဲ့ ထိုင်းနိုင်ငံကတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ စေလွတ်တာ မတွေ့ရ သလို စစ်ကော်မရှင်ဘက်ကလည်း ထုတ်ပြန်ထားတာမရှိပါဘူး။
အလားတူ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ လာအိုနဲ့ အရှေ့တီမောနိုင်ငံတို့ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ စေလွတ်တာမရှိပါဘူး။
ယခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၁၆၂ ဦးရှိပြီး ရွေးကောက်ပွဲ အပိုင်းလိုက် ကျင်းပနေမှုများကို ပါဝင်စောင့်ကြည့်လေ့လာကြမယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက ယခုရွေးကောက်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ အကြွင်းမဲ့အာဏာကို တရားဝင်မှု ဖြစ်စေမယ့် ဟန်ဆောင်ရွေးကောက်ပွဲ လုပ်ရပ်ဖြစ်တယ်လို့ ရှုတ်ချခဲ့ကြပါတယ်။