နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အားပေးကူညီမှုနဲ့ သျှမ်းတောင်က အလုပ်အမှုဆောင်အဖွဲ့ဝင်အပါအ ဝင် စုစုပေါင်း ၉ ဦးကို NLD ပါတီက ထပ်မံထုတ်ပယ်

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အားပေးကူညီမှုနဲ့ သျှမ်းတောင်က အလုပ်အမှုဆောင်အဖွဲ့ဝင်အပါအ ဝင် စုစုပေါင်း ၉ ဦးကို NLD ပါတီက ထပ်မံထုတ်ပယ်

Hsan Loi Editor
28/12/2025
Share:
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အားပေးကူညီမှုနဲ့ သျှမ်းတောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂ ဦးအပါအဝင်စုစုပေါင်း ၉ ဦးကို ထပ်မံထုတ်ပယ်လိုက်တယ်လို့ ပါတီဗဟိုက ဒီကနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။
ထုတ်ပယ်ခံရသူတွေကတော့ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်ညို၊ လင်းခေးမြို့နယ်ပါတီဝင် စိုင်းဆေဟန်၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြောင်းမြမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန့်ဇော်ဝင်း၊ မအူပင်မြို့နယ် ပါတီဝင် ဒေါ်ခင်မျိုးသက် ၊ ရန်ကုန်တိုင်း လသာမြို့နယ် ပါတီဝင် ဦးဝင်းမြင့်သန်း ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသူရအောင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၁ ရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းထွန်း နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရှမ်းတဲကြီးရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
May be an image of ticket stub and text that says 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါီ ၏ ဆုံးဖြတ်ချက်များ စည်းျဉ်းစည်းကမ်းများကိုလိုက်မာမ အဖြစ်သတ်မှတ်ကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။ ၁။ဒေါ်ခင်ညို အဖွဲ့ဝင် ုနယ်အလုပ်အမှုဆောင်အဖွဲ့ ဖွဲင်မြု့ယ့်ယ်မူာပော်တာ်ဖွ ရပ်စောက်မြို့နယ် ရှုမ်းပြည်နယ် စိုင်းဆေဟန် ပါတီဝင် လင်းခေးမြို့နယ် ရှမ်းပြည်နယ် ၃။ဦးဇော်မင်း ဥက္ကဌ္ မြိုနယ်အလုပ်အမှုဆောင်အဖွဲ့ ရေကြည်မြို့နယ် ဧရော၀တီတိုင်း ၄။ဦးသန့်ဇော်ဝင်း အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ မြောင်းမြမြို့နယ် ဧရာဝတီတိုင်း ၅။ဒေါ်ခင်မျိုးသက် ပါတီဝင် မအူပင်မြို့နယ် ဧရာဝတီတိုင်း ၆။ ဦးဝင်းမြင့်သန်း ရန်ကုန်ဖြို့တော်စ်ပ်သယာရေးကော 2) ပါတီဝင်၊လသာမြို့နယ် ရန်ကုန်တိုင်း ။ဦးသူရအောင် (ရန်ကုန်မြိုတောည်ပင်တယာရောေ )အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရန်ကုန်တိုင်း ၈။ဦီးနေဝင်းထွန်း ဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့၂၁ ရပ်ကွက် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရန်ကုန်တိုင်း ဦးမြင့်ဦး ဥက္ကဌ အလုပ်အမှုဆောင်အဖွဲ့ရှမ်းတဲကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရန်ကုန်တိုင်း မှတ်ချက်။ ။၂၅.၁၂၂၀၂၅ နေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁၂/၂၀၂၅ ပါ အမှတ်စဉ်၃မှ မှ ပဲခူးတိုင်းဒိုက်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထိုက်အောင် အားပါတီဝင်အဖြစ်မှထုတ်ဖယ်ခြင်းကို ပယ်ဖျက်၍ အမှတ်စဉ် ပါ ဦးအေးလွင်သည် ဒိုက်ဦီးမြို့နယ်အလုပ်အမှဆောင်အဖွ အမှတ်စဉ်၇ ဦးအောင်မိုး သည် တွဲဖက်အတွင်းရေးမှုးဟောင်း ၈၇ ရပ်/ကျေး အလုပ်အမှဆောင်အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းနှင့် အမှတ်စဉ် ၁၂ ဒေါ်တင်အေး အဖွဲ့ဝင် ၈၇ ရပ်/ကျေး အမျိုးသမီးလုပ်ငန်းအဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း ဖြစ်ပါကြောင်းပြင်ဆင်ဖော်ပြပါသည်။ ဗဟိုအလုပ်ကော်မတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်'
ထုတ်ပယ်ခံရသူ ၉ ဦးဟာ စစ်ကော်မရှင်ရဲ့ ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာ၊ ရွေးကောက်ပွဲကို ကူညီတာတွေ ပြုလုပ်သလို ပါတီရဲ့ဆုံးဖြတ် ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ထုတ်ပယ်ခံရသူတွေထဲကလင်းခေးမြို့နယ်က စိုင်းဆေဟန်ဟာ စစ်ကော်မရှင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကိုယ်စားပြုပြီး လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ပါတီဝင် အယောက် ၂၀ ကို အလားတူ အမှုမျိုးနဲ့ပဲ ထုတ်ပယ်ခဲ့တယ်လို့
သိရပါတယ် ။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပါဝင်ကူညီလို့ NLD ပါတီကနေ ထုတ်ပယ်ခံရသူ ၂၈ ဦးရှိပြီ ဖြစ်ပါတယ်။