တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွေးကောက်ပွဲကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ စစ်ခေါင်းဆောင်က ခရစ္စမတ်ပွဲတော် အခမ်းအနားတက်ရောက်ပြီး မဲဆွယ်စည်းရုံး

ရွေးကောက်ပွဲကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ စစ်ခေါင်းဆောင်က ခရစ္စမတ်ပွဲတော် အခမ်းအနားတက်ရောက်ပြီး မဲဆွယ်စည်းရုံး

Hsan Loi Editor
27/12/2025
Share:
စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနား တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ယမန်နေ့က ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရား ကျောင်းတော်ကြီးမှာ ကျင်းပတဲ့ ခရစ္စမတ်အခမ်းအနားပွဲတော်မှာ စစ်ခေါင်းဆောင် က ဘာသာတရား များအပေါ် အခြေခံပြီး ဖြစ်တည်လာတဲ့ ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ လျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်တိုက်တွန်း စည်းရုံး ပြောဆိုခဲ့ပါတယ်။
No photo description available.
စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံကြည်မှု လျော့ပါးအောင် လုပ်ဆောင်လာတဲ့ မည်သည့် သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့် လက်တွဲပူးပေါင်း ကာကွယ်သွားကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းမှာကြားသွားပါတယ်။
May be an image of one or more people and text
ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေထိုင်ရာဒေသတွေမှာ နေ့စဥ်ဗုံးကြဲတိုက်ခိုက် နေတဲ့ စစ်ခေါင်းဆောင်က လူသားတစ်ဦးနဲ့ တစ်ဦးကြားမှာ စွန်းထင်းနေတဲ့ အမုန်းတရားများ၊ အငြိုးအာဃာတ တရားများဟာ လူ့အသိုက်အဝန်းကြားမှာ နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှင်းဆဲမှုများ စတဲ့ ဒုစရိုက်တရားများကိုသာ ဆင့်ကဲဖြစ်ပေါ်စေတယ်လို့ ပြောဆိုသွားပါသေးတယ်။
ဒါ့အပြင် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မှာဖြစ်ပြီး လွှမ်းခြုံလာတဲ့ ချစ်ခြင်းမေတ္တာများနဲ့ အေးချမ်းသာယာတဲ့ ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။