နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကိစ္စကို ICJ က လာမယ့် ဇန်နဝါရီလမှာ ကြားနာမည်

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကိစ္စကို ICJ က လာမယ့် ဇန်နဝါရီလမှာ ကြားနာမည်

Hsan Loi Editor
22/12/2025
Share:
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိ ကြားနာသွားမယ်လို့ ICJ က သောကြာနေ့ က ထုတ်ပြန်ကြေညာထားပါတယ်။
ဂမ်ဘီယာနိုင်ငံ က ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်များ တင်ပြသွားမှာြဖစ်ပြီး မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ငြင်းဆိုချက်ကို ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ တင်ပြသွားမှာဖြစ်ပါတယ်။
Genocide နဲ့ပတ်သက်ပြီး သက်သေတွေ စစ်ဆေးကြားနာဖို့ ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ၃ ရက်ကြာ အချိန်ပေးထားပြီး တခါးပိတ်ကြားနာသွားမှာဖြစ်ပါတယ်။
ဂမ်ဘီယာက အစ္စလာမ်နိုင်ငံများအဖွဲ့ (OIC)၏ ထောက်ခံမှုနဲ့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ မှာ တရားစွဲ ဆိုထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ဆောင်ရွက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုများအတွင်း “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ” ပါဝင်ခဲ့ပြီး ရိုဟင်ဂျာ လူဦးရေ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပြီး မြန်မာနိုင်ငံက အဲ့ဒီအစီရင်ခံစာကို “ဘက်လိုက်မှုရှိတဲ့ တွေ့ရှိချက်” သာဖြစ်တယ်လို့ဆိုကာ ပယ်ချ ထားပါတယ်။
အဲ့ဒီအမှုဟာ ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (Genocide Convention) အောက်မှာ တင်သွင်းထားတာဖြစ်ပြီး ယင်းသဘောတူညီချက်ကို မြန်မာ နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံလုံး လက်မှတ်ရေးထိုးထားတာကြောင့် ICJ မှာ တရားစီရင်ပိုင်ခွင့် ရှိနေခြင်းဖြစ်ပါတယ်။