နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွေးကောက်ပွဲမှာ လူငယ်များ မဖြစ်မနေပါဝင် မဲပေးရမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲမှာ လူငယ်များ မဖြစ်မနေပါဝင် မဲပေးရမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

Hsan Loi Editor
17/12/2025
Share:
လူငယ်များအနေနဲ့ နိုင်ငံတော်တာဝန်များကို တစ်ချိန်မှာ တာဝန်ထမ်းဆောင်ကြမယ့်သူများ ဖြစ်တဲ့အတွက် ယခုကျင်းပမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေပါဝင်ပြီး မဲပေးကြရမယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်က ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်များနဲ့ တွေ့ဆုံချိန်မှာ အထက်ပါအတိုင်းပြော ကြားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မဲပေးရာမှာလည်း တပ်နဲ့ စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သူ၊ ဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးစီးဦးရွက် ပြုလုပ် နိုင်သူများနဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူ ကိုယ်စားလှယ်များကို ရွေးချယ် မဲပေးရန်လို တယ်လို့ ဆိုပါတယ်။
ယခုဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယအပိုင်းကို (၂)ပတ်အကြာမှာ မြို့နယ် ၇၂ မြို့နယ်တို့မှာ ကျင်းပပြုလုပ် သွားမှာဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။
ဆက်လက်ပြီး ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိတဲ့ မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ် ၅၆ မြို့နယ်ရှိတယ်လို့ စစ်ကော်မရှင် က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အသိပေးကြေညာထားပါတယ်။