ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ စစ်ကော်မရှင်ထုတ်ပြန် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်တယ်ဆိုတဲ့ သတင်းသည် သတင်းအမှားသာ ဖြစ်တယ်လို့ဆို

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ စစ်ကော်မရှင်ထုတ်ပြန် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်တယ်ဆိုတဲ့ သတင်းသည် သတင်းအမှားသာ ဖြစ်တယ်လို့ဆို

Hsan Loi Editor
17/12/2025
Share:
စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက မတရားဖမ်းဆီး အကျဥ်းကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင် က ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် က ၎င်းရဲ့ မိခင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်မရတာကြောင့် ထောင်ထဲတွင် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက် စစ်ကော်မရှင်က ယခုလို ထုတ်ပြန်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းတု သတင်းမှာများနဲ့ ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်ဝေတယ်လို့ စွပ်စွဲပြောဆိုထားပြီး မကြာမီရက်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအား နှောင့်ယှက်လိုတဲ့အတွက် အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်ထားကာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့လည်း တွေ့ခွင့်မပေးထားတဲ့အတွက်ကြောင့် မိခင်ရဲ့ ကျန်းမာရေးအခြေအနေကို အထူးစိုးရိမ်နေတယ်လို့ သားဖြစ်သူက နိုင်ငံတကာမီဒီယာမှာ ပြောကြားထားပါတယ်။