ယနေ့ နေ့လည်ပိုင်း ၁၂း၅၅အချိန်တွင် တောင်ကြီးမြို့နယ် အေးယာယာ ထုံးဖိုအတက် အနီး၌ ဖွင့်လှစ်ထားသောတပင်ရွှေထီး ဓာတ်ဆီဆိုင်တစ်ဆိုင် မီးအကြီးကျယ်လောင်နေ ကြောင်း ဒေသခံများထံမှ သိရသည်။

” တပင်ရွှေထီးဆီဆိုင်မီးလောင်တာပါ ဓါတ် ဆီကန်၊ဆီဘောက်ဆာကား တွေပါ လောင်းကျွမ်းသွားတယ်
လူထိခိုက်မှုရှိ/မရှိ အတည်မပြုနိုင်သေးပါဘူး “ ဟု ထုံးဖိုဂိတ်အနီးရှိ ပြည်သူ တစ်ဦးကပြောသည် ။

၄င်းဓါတ်ဆီဆိုင်အနီးတွင် စစ်ကောင်စီ စစ်ဆေးဂိတ် များလည်းရှိပြီး ယခု သတင်းရေးသားနေချိန်အထိ မီးသတ်ကားများ မီးငြိမ်းသတ်နေရသေးကြောင်း သိရသည် ။
