အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေကို ကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၁၄ မှာပြုလုပ်တဲ့ အွန်လိုင်းလိမ်လည် မှု အမြစ်ပြတ် နှိမ်နင်းရေး လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းရှင်းလင်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေ အပေါ် Zero Tolerance Policy ကို ကျင့်သုံးပြီး နည်းနည်းလိမ်တာ ဖြစ်စေ၊ များများ လိမ်တာ ဖြစ်စေ ခွင့်လွှတ်မှု မရှိစေရေး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်းချေ မှုန်း သွားမှာ ဖြစ်ပြီး နှိမ်နင်းရာမှာလည်း Aggressive Crackdowns Method နဲ့ ပြင်းပြင်း ထန်ထန် နှိမ်နင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း နဲ့ပတ်သက်လို့ (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာဖွဲ့စည်းလိုက်ပြီး အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံးငွေလိမ်ဂိုဏ်းနယ်မြေတွေကို စုံစမ်းထောက်လှမ်းသွားမယ်လို့ ပြောဆိုလာပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ အထူးအဖွဲ့အကြောင်းထုတ်ပြန်လာပေမဲ့ ဒီအဖွဲ့ဟာ မြန်မာက အွန်လိုင်း ငွေလိမ်ဂိုဏ်း ၂ ခုကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ် ။