နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိတရားခံ ပြေး ၃ ဦးကိုပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိတရားခံ ပြေး ၃ ဦးကိုပြန်လည်လွှဲပြောင်းပေး

Hsan Loi Editor
15/12/2025
Share:
တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCDAC -Myanmar က ဒီဇင်ဘာ ၁၁ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သည် ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon(ဖွန်းချနာဖုန်းထောင်း(ခ) သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ ၃ ဦးအား ကူညီစုံစမ်း ဖော်ထုတ်ဖမ်းဆီးပေးပါရန်တောင်းဆိုမှု အရ မြန်မာအာဏာပိုင်များက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအလိုရှိ တရားခံပြေး ၃ ဦးအားစုံစမ်းဖော် ထုတ်ဖမ်းဆီး ခဲ့မှုအရ နိုဝင်ဘာ ၁၃ ရက်နေ့တွင် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)တို့အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ နိုဝင်ဘာ ၁၄ရက်နေ့တွင် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၆ တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen(ချရစ်ဖူချရွန်)တို့အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းသိရသည်။