အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်က T-Mobile Arena မှာ ကျင်းပတဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျော့ရှုအာဗန် က လက်ရှိ Flyweight ချန်ပီယံ အလက်န္ဒရီ ပန်တိုဂျာ ကို အနိုင်ယူကာ ချန်ပီယံခါးပတ် ကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲ ပထမပိုင်းအချီ စက္ကန့်ပိုင်းအတွင်း ပြိုင်ဖက် ပန်တိုဂျာ ကို အလဲထိုးပြီး TKO နဲ့ အနိုင်ယူခဲ့ပါတယ်။ ပန်တိုဂျာ ဟာ ဂျော့ရှုအာဗန် ရဲ့ ထိုးစစ်ကို တိမ်းရှောင်စဥ် လဲကျသွားရာမှ လက်ဆစ်လွဲသွားခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။
ချန်ပီယံကို ဆက်လက်ကာကွယ်သွားမယ်လို့ ပွဲပြီးချိန်မှာ ဗန်က ပြောသွားပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဂျိုရှုအာဗန် ဟာ UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ အရှေ့တောင်အာရှမှာ ပထမဆုံး ချန်ပီယံ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
