KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှ လွှတ်တော်ပါဝင်နေမှု လျှော့သွားမည်ဟု စစ်ခေါင်းဆောင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှ လွှတ်တော်ပါဝင်နေမှု လျှော့သွားမည်ဟု စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
07/12/2025
Share:
ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိတဲ့အချိန်မှ စစ်တပ်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မှာဖြစ်ကြောင်း စစ်ခေါင်ဆောင် မင်းအောင်လှိုင် က ယမန်နေ့ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်များနဲ့ တွေ့ဆုံချိန်မှာ ပြောကြားတာ ဖြစ်ပါတယ်။
အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ စစ်တပ်အနေနဲ့ ပါဝင်ခဲ့ရပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက် ပါဝင်နေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရန်ဖြစ်ပေမယ့် ခေတ် အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအခန်းကဏ္ဍ မှာလည်း ပါဝင်နေရတယ်လို့ ပြောပါတယ်။
အခုချိန်မှာတော့ စစ်တပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပကာ လွှတ်တော် ခေါ်ယူဖို့ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ စစ်တပ်က ဆက်လက်ပါဝင်သွားဖို့ ပြင်ဆင်လုပ်ဆောင်နေပါတယ်။