နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှ လွှတ်တော်ပါဝင်နေမှု လျှော့သွားမည်ဟု စစ်ခေါင်းဆောင်ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှ လွှတ်တော်ပါဝင်နေမှု လျှော့သွားမည်ဟု စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
07/12/2025
Share:
ဒီမိုကရေစီစနစ်ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိတဲ့အချိန်မှ စစ်တပ်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မှာဖြစ်ကြောင်း စစ်ခေါင်ဆောင် မင်းအောင်လှိုင် က ယမန်နေ့ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်များနဲ့ တွေ့ဆုံချိန်မှာ ပြောကြားတာ ဖြစ်ပါတယ်။
အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ စစ်တပ်အနေနဲ့ ပါဝင်ခဲ့ရပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက် ပါဝင်နေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရန်ဖြစ်ပေမယ့် ခေတ် အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအခန်းကဏ္ဍ မှာလည်း ပါဝင်နေရတယ်လို့ ပြောပါတယ်။
အခုချိန်မှာတော့ စစ်တပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပကာ လွှတ်တော် ခေါ်ယူဖို့ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ စစ်တပ်က ဆက်လက်ပါဝင်သွားဖို့ ပြင်ဆင်လုပ်ဆောင်နေပါတယ်။