ထိုင်းနိုင်ငံမှာ ယနေ့ညနေပိုင်းက ကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အုပ်စုအဖွဲ့ပွဲစဥ်မှာ အနိုင်ရရှိသွား ခဲ့ပါတယ်။

အဆိုပါ ဂိုးတွေကို တိုက်စစ်ကစားသမား ဝင်းသင်္ဂီထွန်း နဲ့ မေထက်လူ တို့က အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အလားတူ အမျိုးသားပွဲစဥ်ကိုလည်း ယနေ့ ညနေပိုင်းမှာ ကျင်းပသွားပြီး မြန်မာအမျိုးသားအသင်းက ၀−၂ ဂိုးဖြင့် ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။