KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကမ္ဘာ့ဘိန်းစိုက်မှုအများနိုင်ငံ မြန်မာကဆက်လက်ရပ်တည် သျှမ်းပြည်နယ်မှ စိုက်ပျိုးမှုအများဆုံးဖြစ်

ကမ္ဘာ့ဘိန်းစိုက်မှုအများနိုင်ငံ မြန်မာကဆက်လက်ရပ်တည် သျှမ်းပြည်နယ်မှ စိုက်ပျိုးမှုအများဆုံးဖြစ်

Hsan Loi Editor
06/12/2025
Share:
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးနိုင်ငံစာရင်းထဲ ရောက်ရှိ သွားခဲ့ပြီး ယခင်နှစ်တွေထက် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တယ်လို့ ကုလသမဂ္ဂက မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
May be an image of peony and cloud
သျှမ်းပြည်နယ်သည် မြန်မာနိုင်ငံရဲ့အဓိက ဘိန်းစိုက်ပျိုးရာ ပြည်နယ်အဖြစ်ဆက်လက်တည်ရှိနေပြီး နိုင်ငံတဝှမ်းရဲ့ ဘိန်းစိုက်ပျိုးမှု ၈၀ ရာခိုင်နှုန်းကို ဆက်လက်လွမ်းမိုးထားတယ်လို့ UNODC ရဲ့ အစီရင်ခံအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်း နောက်ဆက်တွဲအနေဖြင့်ပြည်တွင်း စီးပွားရေး ကြပ်တည်းလာမှု၊ ငွေကြေး ဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးလာမှုနဲ့ တရားမဝင်လုပ်ငန်းများ တိုးပွားလာမှု စတဲ့ အချက်တွေကြောင့် ဒေသခံတောင်သူတွေကို ဘိန်းစိုက်ပျိုးဖို့ တွန်းပို့နေတာလို့ UNODC က သုံးသပ်ထားပါတယ်။May be a graphic of map and text that says 'Myanmar Opium Survey 2025 Map 2: Cultivation changes between 2024 and 2025 2025 (percentage) and opium poppy cultivation trend between 2019 Sagaing Kachin 3% INDIA Cultivation Trend (Hectare year) Myitkyina 2021 2022 2023 CHINA Bhamo 2024 2024-2025 2025 Change Sagaing Haka Survey regions 2025 Region/State boundary North Shan 13% Lashio Chin Monywa Wa Mandalay Pan Hsang Shan 13% South Shan Mandalay Mongla East Shan Kengtung Taunggyi Magway 32% Magway Taw Loikaw LAO PDR 21% Source: UNODC llicit Crop Monitoring Programme. The boundaries names shown showna and the Kayah THAILAND 150 225 Km imply official endorsement by the United Nations.'
ကုလသမဂ္ဂက မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုဧကမှာ ၄၅၂၀၀ ဟက်တာ ရှိရာကနေ ယခု ၂၀၂၅ ခုနှစ်မှာတော့ ၅၃၁၀၀ ဟက်တာ အထိ တိုးလာခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းနဲ့ သျှမ်းပြည်အရှေ့ပိုင်းက ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
သျှမ်းပြည်နယ်ရဲ့ ဘိန်းစိုက်ပျိုးမှုဧရိယာ ၁၇ % တိုးလာပြီး ချင်းမှာ ၂၆ %၊ ကယားမှာ ၂၁ % နဲ့ ကချင်မှာ ၃ % တိုးလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယခင်က ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးဖြစ်တဲ့ အာဖဂန်နစ္စတန် ကတော့ တာလီဘန်အစိုးရရဲ့ ဖြိုခွင်းမှုနဲ့အတူ ဘိန်းစိုက်ပျိုးမှု ပြန်လည်ကျဆင်းသွားခဲ့တာပါ။