ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်က ပြတ်တောက်သွားတဲ့ အိမ်သုံးဝိုင်ဖိုင်အင်တာနက်လိုင်းများ ယခု ဒီဇင်ဘာလကုန်ခန့်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ်ဆက်ကြောင်း ချို့ယွင်းပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြု ထားတဲ့ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနဲ့ Internet Service Provider (ISP)များ၏ အင်တာ နက်ဝန်ဆောင်မှုများ နှေးကွေးမှုများဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
UMO ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး စီစဥ်ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့် ချိတ်ဆက် အသုံးပြုထားရှိတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက် ပြန်လည် ကောင်းမွန် နေပြီလို့ သိရပါတယ်။
ဒီပြုပြင်မှုကို ဒီဇင်ဘာလကုန်ခန့်မှာ ဆောင်ရွက်ပြီးစီးမှာဖြစ်လို့ အင်တာနက်ဝန်ဆောင်မှုများ မူလ အခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ ဒီကနေ့ထုတ် သတင်းစာမှာ အသိပေး ဖော်ပြထားပါတယ်။