အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ ပြည်နယ် ၃ ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် လူပေါင်း ၆၀၄ ဦး အထိ သေဆုံးပြီး ၄၆၄ ဦး ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှားရဲ့ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ(BNPB) က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

မလက္ကာ ရေလက်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုက်ကလုန်းမုန်တိုင်းကြောင့် အာချေး၊ မြောက်ဆူမားတြားနဲ့ အနောက်ဆူမားတြားပြည်နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားကာ လူပေါင်း ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး လမ်းပန်းဆက်သွယ် ရေးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တာကြောင့် အရေးပေါ်ကူညီကယ် ဆယ်ရေး ပစ္စည်းများကို လေကြောင်းနဲ့ အဓိကပို့ဆောင်ပေးနေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။

ဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် အင်ဒိုနီးရှားအပြင် မလေးရှား၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံ တွေမှာပါ ရေးကြီးရေလျှံမှုဒဏ်တွေ အကြီးအကျယ်ခံစားခဲ့ရပြီး သေဆုံးသူ ၁ ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။
