KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါတံတား ယာဥ်ဖြတ်သန်းခွင့်မပြုသေး

သီပေါတံတား ယာဥ်ဖြတ်သန်းခွင့်မပြုသေး

Hsan Loi Editor
02/12/2025
Share:
သျှမ်းပြည်မြောက် ပိုင်း၊ သီပေါ နှင့် လားရှိုးကြားရှိ သီပေါ တံတားကို ဒီဇင်ဘာ ၁ ရက်နေ့ အထိ မည်သည့်ယာဥ်/ကားများမှဖြတ်သန်းခွင့်မပြုသေးကြောင်း သီပေါ ဒေသခံများထံမှသိရသည် ။
” သီ​ပေါတံတားဒီ​​နေ့မနက်ပိုင်းအထိမဖွင့်​သေးပါဘူး သတင်းအမှားတွေကြောင့်ပြည်သူတွေပိုဒုက္ခရောက် တယ် ၊ ဒီ​နေ့မနက်ပိုင်းအထိတံတား​ပေါ်ကား​တွေဆိုင်ကယ်​တွေဖြတ်သန်းခွင့်မရ​သေး​ပေမဲ့လူက​တော့ အချိန်ပိုင်းအလိုက်တံတား​ပေါ်လမ်း​လျှောက် ဖြတ်သန်းခွင့်ရ​နေတာ​တွေ့ရပါတယ် ” ဟု ကိုယ်တိုင်ကြုံတွေ့သူပြည်သူတစ်ဦးကပြောသည်။
သီပေါတံတားပိတ်စို့လိုက်ခြင်းကြောင့် မန္တလေးမှ လားရှိုးသို့သွားလိုလျှင် ရှမ်းပြည် တောင်ပိုင်းလမ်းများကိုတစ်ပါတ် ပတ်လာရသည့်အတွက် လမ်းခရီးတွင် လေးညအိပ်၊ ငါးရက် ခန့်အထိ အချိန်ကြာမြှင့်ပြီး မန္တလေး – လားရှိုး ပြည်ထောင်စု လမ်းမ ကြီးမှ ဒဲ့ ဖြတ်သန်းခွင့် ရလျှင် ညအိပ်ဖို့ မလို တဲ့ အထိ အချိန်ကုန် သက်သာနိုင်ကြောင်း ၄င်းကဆိုသည်။
သီပေါ နှင့် လားရှိုးကြားရှိ သီပေါတံတားကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှု အခြေအနေကြောင့် နှစ်ဖက် တပ်ဖွဲ့က သီပေါ တံတားဖြတ်သန်းခွင့် အပြန်အလှန်ပိတ်စို့ထားခြင်းဖြစ်သည် ။