နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA က လုံခြုံရေးယူပြီး စစ်တပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်း စစ်တပ်မှ အင်အားအလုံးအရင်းနဲ့ အတားအဆီးမရှိ ဝင်ရောက်လာ

TNLA က လုံခြုံရေးယူပြီး စစ်တပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်း စစ်တပ်မှ အင်အားအလုံးအရင်းနဲ့ အတားအဆီးမရှိ ဝင်ရောက်လာ

Hsan Loi Editor
30/11/2025
Share:
မိုးကုတ်မြို့ကို စစ်တပ်ထံ ပြန်လွှဲပြောင်းဖို့ သဘောတူထားတဲ့ TNLA က မြို့အဝင်အထွက်တွေမှာ လုံခြုံရေးယူထားပြီး စစ်တပ်ကို ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းက မိုးကုတ်မြို့ထဲသို့ ခေါ်သွင်းလာခဲ့တယ်လို့ သိရပါတယ်။
No photo description available.
စစ်ကော်မရှင်တပ်တွေအနေနဲ့လည်း အင်အားအလုံးအရင်းနဲ့ ကားကြီး ကားငယ် အစီးရေ ၁၀၀ ခန့်ရှိ မိုးကုတ်မြို့ထဲကို အတားအဆီးမရှိ ဝင်ရောက်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
“ မနေ့ညနေပိုင်းက စစ်ကားအများအပြားနဲ့ မိုးကုတ်ထဲကို ဝင်လာတဲ့ မြင်ကွင်းက စိတ်မချမ်းမြေ့စရာဘဲ၊ မြို့တွေပြန်ပေးရမယ်ဆို အစကတည်းက ဘာလို့ တိုက်နေမှာလဲ၊ ကျွန်မတို့ ပြည်သူတွေပဲ အိုးမဲ့အိမ်မဲ့ ဘဝနဲ့ စစ်ရှောင်နေရတာပဲအဖတ်တင်တယ်” မိုးကုတ်စစ်ရှောင်တစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။May be an image of fire and Camogli
မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ရေးအတွက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ခုခံ ကာကွယ်သွားမယ်လို့ အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ထားတဲ့အတွက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက်ကြောင့် မြို့ခံအများစုက ကြိုတင်ရှောင်ကြတယ်လို့ သိရပါတယ်။
သို့ပေမယ့် မိုးကုတ်ဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက TNLA က မြို့ပြင်ဘက်သို့ ဆုတ်ခွာခိုင်းထားပြီး စစ်တပ်ဝင်ရောက်လာတဲ့ချိန်မှာ သေနတ်မဖောက်ဖို့ကိုလည်း TNLA က ခေါ်ပြောထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက မီဒီယာတွေမှာ ပြောထား ပါတယ်။
တရုတ်ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက စစ်ကော်မရှင်တပ်နဲ့ TNLA တို့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကော်မရှင်ထံ ပြန်လည်လွှဲပေးမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ယခု မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ရော TNLA ဘက်ကပါ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။