နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်းမှာ ရပ်ထားတဲ့ သဲကားကို ဝင်တိုက်မိတဲ့ အိမ်စီးကားထဲက အမျိုးသား ၃ ဦး သေဆုံး

အောင်ပန်းမှာ ရပ်ထားတဲ့ သဲကားကို ဝင်တိုက်မိတဲ့ အိမ်စီးကားထဲက အမျိုးသား ၃ ဦး သေဆုံး

Hsan Loi Editor
29/11/2025
Share:
သျှမ်းပြည်တောင်ပိုင်း ၊ အောင်ပန်းမြို့ ၊ မင်္ဂလာရပ် ကွက်မှာကားပျက်လို့ ရပ်ထားတဲ့ သဲကားကို ဝင်တိုက်မိတဲ့ အိမ်စီးကားထဲက အမျိုးသား ၃ ဦး သေ ဆုံး ပြီးတစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။No photo description available.
” ရပ်ထားတဲ့ကားလဲ လမ်းဘေးလွတ်ကျွတ်ရာမရပ်ထားသလို မီးမပါရောင်ပြန်မပါဘူး၊ အရှိန်ပြင်းပုံရပါတယ် အရှိန်ပါရင်ကွေ့ကြောတွေ ထိန်းဖို့မလွယ်ဘူး ၊ အောင်ပန်းမှာ ဒီလိုပဲရပ်ထားတဲ့ကားကို ဝင်တိုက်တဲ့ဖြစ်စဥ်က ခဏခဏကြားနေရတယ် ” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။May be an image of car
အောင်ပန်းမြို့ ၊ မင်္ဂလာရပ်ကွက် ၊ ပျားမွေးမြူရေး ခြံရှေ့ အနီး မှာ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်း ၆ နာရီ ခွဲကျော်ခန့်ကကားပျက်လို့ ရပ်ထားတဲ့ သဲတင်ကားအပြာ ရဲ့ ကားအနောက်ဘက် ကို Mark – X အမျိုးအစား အိမ်စီးကား ဝင်တိုက်မိပြီး ကားပေါ်ပါ လာတဲ့ အမျိုးသား ၄ ဦးအနက် ၃ ဦးမှာ အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးကတော့ ဒဏ်ရာအပြင်း အထန်ရရှိတဲ့အတွက် အောင်ပန်းဆေးရုံက တစ်ဆင့် ကလောဆေးရုံ လွဲပြောင်းပေးထားတယ်လို့ သိရပါတယ် ။