တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့အနီးမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦးတို့အား လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့အနီးမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦးတို့အား လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိ

Hsan Loi Editor
29/11/2025
Share:
ပြီးခဲ့တဲ့ ရက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ မြန်မာနိုင်ငံသား ၈ ဦးကို အွန်လိုင်းလိမ်လည်မှုပြုရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ စစ်ကော်မရှင်က ယနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
May be an image of one or more people
နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ မိုင်းနောင်မြို့၏ အရှေ့ တောင်ဘက် နောင်တောက်ကျေးရွာ အနီး၊ ကောင်းဟိုင်းကျေးရွာအနီးနဲ့ ဝမ်ကျောင်းကျေးရွာ အနီးတဝိုက်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစား အတွက် အသုံးပြုရန် ယာယီမိုးကာတဲ အလုံး ၅၀ ကျော် တွေ့ရှိကာ ကွန်ပျူတာများ၊ မီးစက်များ၊ မော်တော်ယာဥ်နဲ့ Starlink တို့ တွေ့ရှိသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
No photo description available.
ဒါ့အပြင် ကျေးရွာအနီးမှာ သိုဝှက်ထားတဲ့ MA-1 ရိုင်ဖယ်တစ်လက်၊ MA-13 ရိုင်ဖယ်တစ်လက်၊ AK – 12 ရိုင်ဖယ်တစ်လက်၊ ကာဘိုင် တစ်လက်၊ WINCHESTER 12 V သေနတ် တစ်လက် အပါအဝင် ကျည်ဆံနဲ့ ကျည်အိမ်အမျိုးမျိုးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
May be an image of fire, oil refinery and foundry
သိမ်းဆည်းရမိတဲ့ ပစ္စည်းများနဲ့ ယာယီအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပါဝင်ပတ်သက် သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးနဲ့ ပြည်ပနိုင်ငံသားများကိုတော့ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။May be an image of foundry
ကျားဖြန့်လုပ်ငန်းဟာ သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ ခိုလမ်၊ ကွန်ဟိန်းမြို့နယ်ဘက်အထိ ရောက်ရှိလာပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေကိုတော့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက အကာအကွယ်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
May be an image of textPhoto – MOI