ရာဇသတ်ကြီးပုဒ်မ ၅၀၅−က အရ ပြစ်မှုထင်ရှားပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဥ်းသား/သူ ၂၃၆၁ ဦးကို ယင်းတို့ ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်များ အပေါ် လျှော့ပေါ့ပြီး လွှတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ကာ/လုံ က ယနေ့ညမှာ အမိန့်ထုတ်ပြန် ထားပါတယ်။
စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုဖြစ်စဉ်မှာ ဖမ်းဆီးအကျဥ်းချခံခဲ့ရသူ စုစုပေါင်း ၃၀၀၃၁ ဦးရှိပြီး ၎င်းအထဲမှ ၁၁၄၂၅ ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ယနေ့ နိုဝင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။