နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ ဆန္ဒမဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရသူ ၇၂၄ ဦးကို ပြစ်ဒဏ်မှလွှတ်ငြိမ်းခွင့်ပြု

ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ ဆန္ဒမဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရသူ ၇၂၄ ဦးကို ပြစ်ဒဏ်မှလွှတ်ငြိမ်းခွင့်ပြု

Hsan Loi Editor
28/11/2025
Share:
မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့ဆိုပြီး ၅၀၅ (က)နဲ့ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဥ်းသား/သူ ၇၂၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကော်မရှင်က ယနေ့ညမှာ ထုတ်ပြန်ကြေညာသွားပါတယ်။
နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမယ်လို့ သတ်မှတ်ပြီး ကျန်ရှိတဲ့ ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်မှ လွှတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ထုတ်ပြန်ထားပါတယ်။