နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးမြို့မှာ ဂိမ်းဆိုင်အမည်ခံပြီး လောင်းကစားဝိုင်းပြုလုပ်နေ

တောင်ကြီးမြို့မှာ ဂိမ်းဆိုင်အမည်ခံပြီး လောင်းကစားဝိုင်းပြုလုပ်နေ

Hsan Loi Editor
26/11/2025
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နဲ့ နယ်မြေတစ်ချို့မှာ ဂိမ်းဆိုင် အမည်ခံ ထားကာ လောင်းကစားဝိုင်း၊ ကြက်ဝိုင်းတွေ ပြုလုပ်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း မသိချင်ယောင်ဆောင်ထားတယ်လို့ ဘုရားဖြူရပ်ကွက်နေသူတွေဆီက သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ ဘုရားဖြူရပ်ကွက် နယ်မြေအချို့နဲ့ တောင်ကြီးမြို့ မြောက်ဘက်ရှိ ဗလီလင်း ကျေးရွာ၊ သင်္ဘောကျေးရွာဖက်တို့မှာ ဂိမ်းဆိုင်ဗန်းပြ အမည်ခံဖွင့်ထားပြီး ဆိုင်အတွင်းတွင် လောင်းကစားဝိုင်း၊ ကြက်ဝိုင်းနဲ့ ဖဲဝိုင်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေပြီး စစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က လိုင်းကြေးယူကာ အဆိုပါ လောင်းကစားဝိုင်း တွေကို မျက်ကွယ်ပြုထားတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လောင်းကစားဝိုင်း များပြားလာမှုတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးမျာေအနေနဲ့ ခိုးဆိုးလုနှိုက်မှုတွေ အိမ်တွင်းပစ္စည်းခိုးယူတာတွေ ဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် လောင်းကစားဝိုင်းနဲ့ နီးကပ်စွာ နေထိုင်ကြတဲ့ ပြည်သူများအနေဖြင့်လည်း သတိဝိရိယထား နေထိုင်ကြရန် နေအိမ်အတွင်းဆို င်ကယ်အခိုးခံရသူ ပြည်သူတစ်ဦးက အကြုံပြုထားပါတယ်။
တောင်ကြီးမြို့မှာ နေ့စဥ်ဆိုင်ကယ်ပျောက်ဆုံးတာတွေ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်း အခိုးခံရတာတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးအရေးယူနိုင်မှု အားနည်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။