နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီး ၃ ဦးသေဆုံး

စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီး ၃ ဦးသေဆုံး

Hsan Loi Editor
25/11/2025
Share:
သျှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာအနီးရှိ တောင်ယာခင်းထဲမှာ စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
May be an image of ‎one or more people and ‎text that says '‎ن Heso KARENNI PEOPLE'S UO/CE‎'‎‎
နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာအနီးက တောင်ယာခင်းထဲ ကျရောက်ပေါက်ကွဲပြီး ဘောရန်စစ်ရှောင်နဲ့ နန့်ပလုံစစ်ရှောင်စခန်းမှ အမျိုးသမီး ၃ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
May be an image of child and text
လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးများဟာ ဖယ်ခုံအရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်း သို့ ပြောင်းရွှေ့လာကြတာဖြစ်ပြီး စစ်ရှောင်စခန်း အတွင်းနေစဉ် ကလေးကျောင်းစရိတ်၊ စားဝတ်နေရေး မလုံလောက်မှုနဲ့ လိုအပ်ချက်တွေကြောင့် တစ်ရက် ၂ သောင်းရတဲ့ နေ့စားအလုပ်ကို လိုက်သွားကြပြီး တောင်ယာလုပ်နေချိန် လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့တာပါ။May be an image of one or more people and text that says 'KARENNI PEDPLE'S KARENNIPEOPLES EDP UO/CE 牛製 M MatOE M M S'
သေဆုံးသွားတဲ့ အမျိုးသမီး ၃ ဦးမှာ အသက်(၆၀)အရွယ်၊ အသက်(၄၆)အရွယ်နဲ့ အသက်(၁၇)နှစ် အရွယ်ရှိ အမျိုးသ္မီးတို့ဖြစ်ကြပြီး ၎င်းတို့ကို ယမန်နေ့က သဂြိုလ် ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း ဖယ်ခုံအနောက်ခြမ်းဖက်ကို စစ်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့တို့က အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပင်လောင်း-ဖယ်ခုံအစပ် ဘောရန်ကျေးရွာရှိ ဒေသခံပြည်သူများရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင် ခဲ့ရတယ်လို့ သိရပါတယ်။