KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီး ၃ ဦးသေဆုံး

စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီး ၃ ဦးသေဆုံး

Hsan Loi Editor
25/11/2025
Share:
သျှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာအနီးရှိ တောင်ယာခင်းထဲမှာ စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
May be an image of ‎one or more people and ‎text that says '‎ن Heso KARENNI PEOPLE'S UO/CE‎'‎‎
နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်နဲ့ PNO တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာအနီးက တောင်ယာခင်းထဲ ကျရောက်ပေါက်ကွဲပြီး ဘောရန်စစ်ရှောင်နဲ့ နန့်ပလုံစစ်ရှောင်စခန်းမှ အမျိုးသမီး ၃ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
May be an image of child and text
လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးများဟာ ဖယ်ခုံအရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်း သို့ ပြောင်းရွှေ့လာကြတာဖြစ်ပြီး စစ်ရှောင်စခန်း အတွင်းနေစဉ် ကလေးကျောင်းစရိတ်၊ စားဝတ်နေရေး မလုံလောက်မှုနဲ့ လိုအပ်ချက်တွေကြောင့် တစ်ရက် ၂ သောင်းရတဲ့ နေ့စားအလုပ်ကို လိုက်သွားကြပြီး တောင်ယာလုပ်နေချိန် လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့တာပါ။May be an image of one or more people and text that says 'KARENNI PEDPLE'S KARENNIPEOPLES EDP UO/CE 牛製 M MatOE M M S'
သေဆုံးသွားတဲ့ အမျိုးသမီး ၃ ဦးမှာ အသက်(၆၀)အရွယ်၊ အသက်(၄၆)အရွယ်နဲ့ အသက်(၁၇)နှစ် အရွယ်ရှိ အမျိုးသ္မီးတို့ဖြစ်ကြပြီး ၎င်းတို့ကို ယမန်နေ့က သဂြိုလ် ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း ဖယ်ခုံအနောက်ခြမ်းဖက်ကို စစ်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့တို့က အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပင်လောင်း-ဖယ်ခုံအစပ် ဘောရန်ကျေးရွာရှိ ဒေသခံပြည်သူများရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင် ခဲ့ရတယ်လို့ သိရပါတယ်။