တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းသက္ကရာဇ် ၂၁၂၀ နှစ် သျှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် စတင်ကျင်းပနေပြီ

သျှမ်းသက္ကရာဇ် ၂၁၂၀ နှစ် သျှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် စတင်ကျင်းပနေပြီ

Hsan Loi Editor
19/11/2025
Share:
သျှမ်းရိုးရာကောက်သစ်စားပွဲနဲ့ သျှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းက စစ်ဘေးဒဏ် ခံစားနေရတဲ့ မြို့နယ်အချို့ကလွဲပြီး သျှမ်းတိုင်းရင်းသားများကြားမှာ ယဥ်ကျေးမှု အမွေအနှစ်များ ပပျောက်ပျက်အောင် ရိုးရာမပျက် ကျင်းပနေကြပါတယ်။May be an image of text
သျှမ်းနှစ်သစ်ကူးဟာ နှစ်စဥ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ယခုနှစ် နိုဝင်ဘာလ ၁၉ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ သျှမ်းသက္ကရာဇ် ၂၁၁၉ ကုန်ဆုံးပြီး သျှမ်းသက္ကရာဇ် ၂၁၂၀ နှစ် နှစ်သစ်အတွက် ကြိုဆိုပွဲတွေ ပြုလုပ်ကြတာပဲဖြစ်ပါတယ်။May be an image of text
သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်တိုက်နယ်မှာ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲကို ပူးတွဲပြီး နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
May be an image of text
အလားတူ သျှမ်းရှေ့၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ သျှမ်းနှစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိကျင်းပဖို့ရှိနေပြီး “ဝ”တပ် ထိန်းချုပ်တဲ့ ဟိုပန်မြို့မှာလည်း သျှမ်းနှစ်ကူးပွဲတော်ကို ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်သလို ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နဲ့ လောက်ကိုင်မြို့မှာလည်း သျှမ်းနှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပနေပါတယ်။May be an image of martial arts
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ သျှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ ကျေးသီး၊ လဲချား၊ မိုင်းရှူး၊ ပင်လုံ၊ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး ဒေသ၊ ပင်လောင်း စတဲ့ မြို့တွေမှာလည်း သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပတယ်လို့ သိရပါတယ်။
May be an image of text
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ သျှမ်းပြည် မြောက်ပိုင်းက မြို့နယ်အချို့တွေမှာတော့ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အလားတူ စစ်ဘေးတိမ်းရှောင်နေရတဲ့ သျှမ်း−ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့မှ သျှမ်းတိုင်းရင်းသား များလည်း ယခုနှစ်မှာ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ခြင်းမရှိဘဲ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သျှမ်းရိုးရာအကများကို Video Campaign ဖြင့် ပါဝင်ဖို့ ဖယ်ခုံသျှမ်းလူငယ်များကွန်ယက် အသင်းက ဖိတ်ခေါ်ထားပါတယ်။