နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးကုတ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် မြို့ခံတွေ ယာယီနေရပ်စွန့်ခွာ စစ်ရှောင်ရန် ကားခများ စျေးမြင့်တက်မှုကြောင့် ဒေသခံအချို့ နေရပ်မစွန့်နိုင်

မိုးကုတ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် မြို့ခံတွေ ယာယီနေရပ်စွန့်ခွာ စစ်ရှောင်ရန် ကားခများ စျေးမြင့်တက်မှုကြောင့် ဒေသခံအချို့ နေရပ်မစွန့်နိုင်

Hsan Loi Editor
19/11/2025
Share:
မိုးကုတ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် မြို့ခံအများစု ယာယီနေရပ်စွန့်ခွာပြီး စစ်ရှောင်ရန်အတွက် ကားခစျေးနှုန်းများ မြင့်တက်မှုကြောင့် ဒေသခံအချို့ နေရပ်မစွန့်ခွာနိုင်ဘူးလို့ သိရပါတယ်။
May be an image of car and road
မိုးကုတ်မြို့ကနေ ယာယီနေရပ်စွန့်ခွာလာသူ တစ်ရက်တစ်ခြား တိုးလာတဲ့အတွက် ကားခစျေးနှုန်း များလည်း မြင့်တက်လာကာ မိုးကုတ်−မန္တလေး ခရီးစဥ်ကို ကျပ် ၄ သိန်းမှာ ၆ သိန်းကျော် အထိ ရှိတယ်လို့ သိရပါတယ်။May be an image of road
အချို့နေရပ်စွန့်ခွာလိုသူတွေက ယာဥ်စီးခတွေ မတတ်နိုင်တာကြောင့် မြို့မှာ ကျန်ရှိနေသေးပြီး လက်ရှိအချိန်မှာ မိုးကုတ်မြို့ပေါ်ရှိ စျေးဆိုင်တွေ တော်တော်များများ ပိတ်ထားကာ မြို့တွင်း လမ်းပေါ်မှာလည်း လူသွားလူလာ တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။May be an image of skateboard, scooter, road, street and text
တရုတ်ရဲ့ ကြားဝင်စီစဥ်မှုကြောင့် စစ်တပ်နဲ့ TNLA တို့ အပစ်ရပ်ကာ မိုးကုတ်နဲ့ မိုးမိတ်တို့မှ ပြန်လည်ဆုတ်ခွာဖို့ TNLA က သဘောတူလက်မှတ်ရေးထိုးပြီး တစ်ဖက်မှာလည်း မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ရေးအတွက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ခုခံ ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက်ကြောင့် မြို့ခံအများစုက ကြိုတင်ရှောင်လာကြတယ်လို့ သိရပါတယ်။