KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ပြင်မှာရှိတဲ့ ကိုးကန့်တပ် MNDAA တပ်စခန်းတွေကို နောက်ပြန်ဆုတ်ပေးဖို့ စစ်တပ်က ဖိအားပေး နှစ်ဖက်စစ်ရေးတင်းမာနေ

လားရှိုးမြို့ပြင်မှာရှိတဲ့ ကိုးကန့်တပ် MNDAA တပ်စခန်းတွေကို နောက်ပြန်ဆုတ်ပေးဖို့ စစ်တပ်က ဖိအားပေး နှစ်ဖက်စစ်ရေးတင်းမာနေ

Hsan Loi Editor
19/11/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ကိုးကန့် MNDAA တပ်စခန်းတွေကို စစ်တပ်က ဖိအားပေး နောက်ပြန်ဆုတ်ခိုင်းမှုကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး လားရှိုး-သီပေါလမ်း ရှိ သီပေါတံတားမှာ နှစ်ဖက်အပြန်အလှန် ပိတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က ကိုးကန့်တပ်နဲ့ စစ်တပ်တို့ နှစ်ဖက်တပ်ဖွဲ့ လားရှိုးမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး လားရှိုးမြို့ပြင်ဘက်ရှိ ကိုးကန့်တပ် MNDAA အထိုင်ချထားတဲ့ တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်တပ်ရဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှုတွေ ဖြစ်လာတယ်လို့ သိရပါတယ်။May be an image of lumberyard and text
လားရှိုးမြို့ကို ဝင်နိုင်တဲ့ လမ်းတွေဖြစ်တဲ့ လားရှိုး− သီပေါလမ်း၊ လားရှိုး−နမ့်လန်လမ်းနဲ့ လားရှိုး−မိုင်းရယ်လမ်းတို့မှာ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ထားတာကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
နှစ်ဖက်တပ်ဖွဲ့က ကြိုတင်ကြေငြာထားခြင်းမရှိဘဲ ရုတ်တရက် လမ်းတွေပိတ်လိုက်တာကြောင့် လူနာနဲ့ သက်ကြီးရွယ်အို ခရီးသွားတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။May be an image of car
“ သီပေါတံတားဘက်က ဒီမနက်အထိ ပိတ်ထားတုန်းပါပဲ၊ လက်ရှိအခြေအနေကတော့ ငြိမ်နေပါတယ်၊ တရုတ်က ကြားခံရှိသေးတယ် ဆိုတော့ အရင်လိုပြန်ပစ်ကြမယ်လို့ မထင်ဘူး၊ သတင်းတွေမှာ တက်လာ နေတဲ့ နှစ်ဖက်တင်းမာမှု ကိစ္စတွေဆိုတာက တရုတ် ကြားပြန်ဝင်လာရင် အရင်လိုပဲ ပြန်ငြိမ် သွားမယ်ထင်တာပဲ၊ အခုဖြစ်နေတာက ခေတ္တခဏ ပိတ်ထားတဲ့ သဘောမျိုးဖြစ်နိုင်တယ်” လို့ ယင်းအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းအထိ မြေပြင်အခြေအနေအရ သီပေါတံတားဘက် ပိတ်ထားဆဲဖြစ်ကာ လားရှိုး သွားလိုသူတွေအတွက် ယခုလက်ရှိ လားရှိုး −မိုင်းရယ်−ကျေးသီးလမ်းဘက် သွားလာလို့ ရနေသေးတယ်လို့ ခရီးသွားတစ်ဦးထံမှ သိရပါတယ်။
စစ်တပ်နဲ့ လက်ရှိရထားတဲ့ စစ်ရေး ရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလာဒ်တစ်ခုသာ ဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအစစ်အမှန် မဟုတ်သေးဘူးဆိုတာ အားလုံးသိရှိရမှာဖြစ်ပြီး တကယ့်ငြိမ်းချမ်းရေး အစစ် အမှန်နဲ့ အလှမ်းဝေးနေသေးတယ်လို့ ပြီးခဲ့တဲ့ အောက်တို ဘာလ ၂၅ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ကေဒါများ အလှည့်ကျသင်တန်းဆင်းပွဲမှာ ကိုးကန့်တပ် MNDAA စစ်ဦးစီးမှူးချုပ် က ပြောကြားခဲ့တာဖြစ်ပါတယ်။