KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ ရွေးကောက်ပွဲအတွက်အနုပညာရှင်များအား ဝါဒဖြန့်လှုံ့ဆော်ခိုင်း

စစ်ကောင်စီ ရွေးကောက်ပွဲအတွက်အနုပညာရှင်များအား ဝါဒဖြန့်လှုံ့ဆော်ခိုင်း

Hsan Loi Editor
12/11/2025
Share:
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် စစ်ကောင်စီဦးဆောင်သည့် ရွေးကောက်ပွဲအား ပြည်တွင်းအနုပညာရှင်များစွာက ဝါဒဖြန့် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ပေးနေရ ကြောင်း သိရသည်။
May be an image of slow loris, newsroom and text that says 'MRTV HD IVIR ပါတီနုံဒီမိုကရေမီ အဝ ရေးကောက်ပွဲ လူမှစီးပွားဖွံ့ဖြိုးဖို့ ရွေးကောက်ပွဲဖြင့် ရွေးကောက်ပွဲဖြင့်စတင်ဖို့ စတင်ဖို့၊ 0000000'
စစ်ကောင်စီ ရွေးကောင်ပွဲ ထောက်ခံကြောင်းရွေးကောက်ပွဲနှင့်ပတ်သက်၍ဆောင်ပုဒ်အမျိုးမျိုးကို ကိုင်ဆောင်ပြီး အနုပညာရှင်များစွာမှ ဝါဒဖြန့်စည်းရုံးလှုံ့ဆော်နေသည့် ရုပ်သံဖိုင်များ ကို စစ်ကောင်စီ ဝါဒဖြန့် MRTV ချန်နယ်အပါအဝင် လူမှုကွန်ပလက်ဖောင်းများမှ ထုတ်လွှင့်ပြသနေသည် ကို တွေ့ရသည်။
May be an image of one or more people, dais, newsroom and text
လတ်တလော စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်နေ သည့် အနုပညာရှင်အဆိုတော် ၂၁ ရှိကြောင်းသိရသည်။
May be an image of slow loris, newsroom and text that says 'MRTV HD အထွေထွေရေး နိုင်ငံ့အနာဂတ် နိုင်ငံ့အနာဂတ်ကောင်းမွန်ဖို့ ကောင်းမွန်ဖို့ မဲရုံသွားပြီးမဲပေးစိုး မဲပေးပို့။'
၎င်းတို့မှာ အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနဲ့ လိမ္မော်သီး၊ ကိုင်ဇာ၊ မိုးယံဇွန်၊ နန်းဆုရတီစိုး၊ ရတနာမိုင်၊ ထွန်းကိုကို၊ ယွန်းယွန်းနှင့် သဥ္ဇာတို့ ပါဝင်ကြောင်း သိရသည်။May be an image of television and text that says 'MACTI HD LS S လူမှုစီးပွားဖွံ့ဖြိုးဖို့ ရွေးကောက်ပွဲဖြင့် ရွေးကောက်ဖွဲဖြင့်စတင်စိုး၊ စတင်စို့'
May be an image of one or more people, slow loris, newsroom and text
ဂီတ၊ ရုပ်ရှင်၊ သဘင် စသည့် အနုပညာရှင်များစွာကို ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ပေးရမည်ဟု စစ်ကောင်စီမှ ဖိအားခြိမ်းခြောက်လျက်ရှိနေပြီး ရွေးကောက်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်းမရှိသည့် အနုပညာရှင်များကို ဖမ်းဆီးအရေးယူနေကြောင်းလည်း သိရသည်။
May be an image of ‎one or more people, television, newsroom and ‎text that says '‎MRTV HD နိုင်ငံသားတိုင်းပမဲပေးပေး။ တိုင်းပြည်သာယာဝပြောရေး م۵۵۵۵.۵۵‎'‎‎