KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ၊ ဖိလစ်ပိုင် သမ္မတက အရေးပေါ်အခြေအနေကြေညာ

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော်ပျောက်ဆုံးနေ၊ ဖိလစ်ပိုင် သမ္မတက အရေးပေါ်အခြေအနေကြေညာ

Hsan Loi Editor
08/11/2025
Share:
ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသမှာ တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ ကြောင့် လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့ပြီး လူ ၁၀၀ကျော် ပျောက်ဆုံးနေတယ်လို့ သိရပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာ က ဒီကနေ့ အစောပိုင်းမှာ မုန်တိုင်းသင့်ဒေသကို အရေးပေါ် အခြေအနေ ကြေညာခဲ့တယ်လို့ သိရပါတယ်။
May be an image of car
Photo – Internet
တိုင်ဖွန်း (KALMAEGI)မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မှာ ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ် စေခဲ့ကာ လာမယ့် သီတင်းပတ်မှာလည်း နိုင်ငံတွင်းသို့ နောက်ထပ် မုန်တိုင်းတစ်ခု ထပ်မံဝင်ရောက် လာနိုင်တဲ့အတွက် အခုလို အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖာဒီနန် က ဆိုပါတယ်။No photo description available.
ဒီနေ့မနက်အစောပိုင်းမှာလည်း မုန်တိုင်းဟာ တစ်နာရီကို ၉၂ မိုင်နှုန်းနဲ့ ဗီယက်နမ်နိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – InternetMay be an image of tornado