KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တန်ဆောင်မုန်း လပြည့်ညမှာ အပျော်တန်းကြက်လာခိုးသူကို တောင်ကြီးမြို့နယ် PPP ပါတီ ကိုယ်စားလှယ်လောင်းက ရိုက်သတ်

တန်ဆောင်မုန်း လပြည့်ညမှာ အပျော်တန်းကြက်လာခိုးသူကို တောင်ကြီးမြို့နယ် PPP ပါတီ ကိုယ်စားလှယ်လောင်းက ရိုက်သတ်

Hsan Loi Editor
07/11/2025
Share:
တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ရွေး ကောက်ခံမယ့် PPP ပါတီက ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူစိုင်းကျော်စိုးမိုးတို့က တန်ဆောင်မုန်း လပြည့်ည (သူခိုးကြီးည) မှာ အ ပျော်တန်းကြက်လာခိုးတဲ့ အမျိုးသားတစ်ဦးကိုဖမ်းဆီးရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေထိုင်တဲ့ လော်တာ (ခေါ် ) စိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းရွှေထီးရဲ့ ခြံထဲက ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားခြင်းဖြစ်တယ်လို့ အေးသာယာသတင်းရင်းမြစ်ဆီကသိရပါ တယ်။May be an image of ‎text that says '‎အ မှတ် စဉ် v.... ပြည်နှယ်လွတ်တော်ကိုယ်စားလှယ်လောင် အမည်စာရင်းကြေညာချက် ရုန်ပြည်နယ်လွတော်အခမျာခကျိ ရှမ်းပြည်နယ်လွှတ်တောင်(အ 1နည်းမွပဒေ ₹ರి ((ס) မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏်အမည်နှင့် ကိုယ်စားပြုသောပါတီ နိုင်ငံသားစိစစ်ရေးကတ်/ သို့မဟုတ် မှတ်ပုံတင်အမှတ် တစ်သီးပု္တလ ဦးခိုင်းရွှေထီး ၄၁ ၃ ကိုယ်စားပြုသောပါတီ သို့မဟုတ် တစ်သီးပုဂ္တလ၏ သခက်တာအမှတ်အသား ၄ လွှတ်တော်ကိုယ်စေးလုယ်သောင်းခန် နေရပီလိပ်စာ ပြည်သူ့ရှေ့ဆောင်ပါတီ ဖိုင်းရဲလင်းကျော် ・てもゃく ૬२ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြုးတိုးတက်ရေးပါတီ နိုင်းလုံကျော် တောင်ကြီးမြို့နယ်၊ মहैंઠ တောင်ကြီးမြို့နယ်။ နယ်။ ပြည်ထောင်နုကြီးမိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ ရပ်စောက်မြို့‎'‎
” တန်ဆောင်မုန်း လပြည့်ည ဆိုတာ သူခိုး ကြီးည ပဲဗျာ အပျော်တမ်း ခိုးကြတာပဲ ဘာမှကြီးကြီးမားမားမခိုးကြပါဘူးအာဏာမရသေးဘူး ပါဝါပြနေပြီ ဒီလို ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်သူ လွတ်တော်ထဲရောက်ရင် တိုင်းပြည်က မတွေးရဲစရာပဲ ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
PPP ပါတီ အမတ်လောင်း စိုင်းရွှေထီး နဲ့ သားဖြစ်သူတို့ ရိုက်နက်ခံရတဲ့ စိုင်းထွန်းဆာဟာ နေအိမ်ရှေ့ ကွန်ကရစ်ခင်းထားတဲ့ ရေမြောင်းပေါ်မှာ ပက်လက်အနေအထား၊ နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ တောင်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ ဦးစိုင်းရွှေထီးဟာ လာမယ့်ရွေးကောက်ပွဲအတွက် တောင်ကြီးမြို့ မဲဆန္ဒနယ် အမှတ် ၁ က နေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စား လှယ်လောင်း အဖြစ် မှတ်ပုံတင်ထားသူဖြစ်ပါတယ်။