စစ်ကော်မရှင်တပ်နဲ့TNLA တပ်တို့အကြား နှစ်ဖက် အပစ်ခတ်ရပ်စဲလိုက်ခြင်းဟာ တော်လှန်းရေးမှာ အားပြန်ဖို့ရန်အတွက် နားရခြင်းသာဖြစ်ပြီး နားချိန်တန်လို့ နားရတာလို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် က သူရဲ့ လူမှုကွန်ရက် စာမျက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်တားဘုန်းကျော်က အပစ်အခတ်ရပ်စဲခြင်းနဲ့ပက်သက်ပြီး သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထိုသို့ ရေးတင်ထားတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာလထဲမှာ TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄၉ ဦးသေဆုံးပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲလိုက်ခြင်းနှင့်ပက်သက်ပြီး လေကြောင်းဖြင့် တောက် လျှောက် ဗုံးကြဲတိုက်ခိုက်ခံနေရသည့်အတွက် နားချိန်တန်လို့ နားရခြင်းသာဖြစ်၍ အင်အားပြန်စုဖို့ရန်အတွက် နားရခြင်းသာဖြစ်ကြောင်း၊ စီးပွားနွံနစ် ဆွေးမျိုး အဆီရစ်ရတဲ့ ခေတ်ကာလမျိုးမဟုတ်တော့ကြောင်း၊ သွေးတော်ရဲဘော်များ ပေါက်ကွဲမှုတွေ ပြင်းထန်နေတာ နားလည်ကြောင်း၊ ရှေ့ဆက်တော်လှန် ရေးမှာ အမြင့်ပျံတက်ရန် လိုချင်တာ အမိရဆွက်ခူးဖို့ရန် ဖြစ်ကြောင်း TNLA ဗိုလ်ချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။
ထို့အတူ စစ်ကော်မရှင်တပ်နှင့် အပစ်ခတ်ရပ်စဲလိုက်ပြီးနောက် အောက်တိုဘာ လ အတွင်း TNLA ထိန်းချုပ်ထားတဲ့နယ်မြေတွေ အပါအဝင် သျှမ်းမြောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၉ ဦးသေးဆုံးပြီး၊ ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျောင်းဆောင်၊ ဆိုင်ခန်း၊ စက်ရုံ၊ မွေးမြူရေးခြံ၊ ကားနှင့်ဆိုင်ကယ်တွေ ဗုံးစများထိမှန်ကာ ပျက်းစီးမှုများ ရှိခဲ့ကြောင်း တအောင်း TNLA တပ်က ထုတ်ပြန်ပါတယ်။
တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်တပ်အပြန်အလှန် ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ပြီး အပစ်ရပ်သဘောတူထားတဲ့အချိန်ကစပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှ ရပ်တန့်ရန်၊ နှစ်ဖက်တပ်ရောက်ရှိသည့် နေရာတွင် အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ရပ်တန့်ရန်အပါအဝင် နယ်မြေအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်သည်။
မိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကို TNLA တပ်က စစ်ကော်မရှင်ထံ ပြန်လည်လွဲပြောင်းပေးခဲ့ပေမယ့် တော်လှန်ရေးတပ် PDF တပ်ဖွဲ့တွေကတော့ မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးဗျူဟာတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကော်မရှင်တပ်ကို ဆက်လက်တော်လှန်ပြီး အောင်မြင်မှုပန်းတိုင် ရောက်သည်အထိ ခုခံကာကွယ်တိုက်ခိုက်သွားမယ်လို ထုတ်ပြန်ထားပါတယ်။