သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၂ ရက်မှ ၆ ရက်နေ့အထိ တနိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင် ယမန်နေ့ညက မိုးရွာသွန်းမှုကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဖျက်ခဲ့ရတယ်လို့ဆို

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၂ ရက်မှ ၆ ရက်နေ့အထိ တနိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင် ယမန်နေ့ညက မိုးရွာသွန်းမှုကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဖျက်ခဲ့ရတယ်လို့ဆို

Hsan Loi Editor
03/11/2025
Share:
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ် အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယခု နိုဝင်ဘာလ ၂ ရက်မှ ၆ ရက်နေ့အထိ တနိုင်ငံလုံးမိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလဗေဒပညာရှင်က သတိပေးထုတ်ပြန်ထားပါတယ်။
ယခုဖြစ်ပေါ်နေတဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှ လေပွေလှိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
May be an image of crowd and text
အလားတူ သျှမ်းပြည်နယ်တောင်ပိုင်းမှာလည်း ၃ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ၃ လက်မနီးပါး ရွာသွန်းနိုင်တယ်လို့ မိုးဇလဗေဒပညာရှင်က ခန့်မှန်းထားပါတယ်။
May be an image of fire and crowd
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် တောင်ကြီးမှာ မိုးရွာသွန်းလာတာကြောင့် တန်ဆောင်တိုင်မီးပုံးပျံပွဲ ဖျက်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။May be an image of one or more people and fog
“ ကျွန်မတို့က ဝေဂမီး ကြည့်ဖို့သွားတာ မိုးတွေရွာချလိုက်တော့ ပွဲက ပျက်သွားတယ်၊ စိန်နားပန်မီး လွတ်ဖို့ မိုင်းသွင်းနေချိန်မှာ မိုးထရွာလိုက်တော့ အဲ့မီးလည်း မီးလောင်ပြီးပျက်သွားတယ်၊ အရမ်းနမြောဖို့ကောင်းတယ်၊ မီးပုံးပျံ တစ်လုံးမှ မကြည့်လိုက်ရဘဲ မိုးစိုစိုနဲ့ ပြန်လာလိုက်ရတယ်” လို့ တန်ဆောင်တိုင်ပွဲသွားတဲ့ မြို့ခံအမျိုးသမီးတစ်ယောက်က Hsan Loi Voice ကိုပြောပါတယ်။
May be an image of fog
ယနေ့ နိုဝင်ဘာလ ၂ ရက် ညမှာ လွတ်တင်မယ့် မီးပုံးကတော့ စိန်နားပန်မီး ၆ လုံးနဲ့ ညမီးကြီး ၇ လုံးဖြစ်ကာ ရာသီဥတုအခြေအနေကြည့်ပြီး မီးပုံးပျံ လွတ်တင်သွားမယ်လို့ မီးပုံးလွတ်တင်တဲ့အဖွဲ့နဲ့ နီးစပ်သူထံမှ သိရပါတယ်။