ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

မိုးကုတ်နဲ့ မိုးမိတ်ကို တအာင်းတပ် TNLA ပြန်ဆုတ်ပေးပြီး တအာင်းဒေသကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် စစ်တပ်နဲ့ TNLA တို့ အပစ်ရပ် သဘောတူ

မိုးကုတ်နဲ့ မိုးမိတ်ကို တအာင်းတပ် TNLA ပြန်ဆုတ်ပေးပြီး တအာင်းဒေသကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် စစ်တပ်နဲ့ TNLA တို့ အပစ်ရပ် သဘောတူ

Hsan Loi Editor
30/10/2025
Share:
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် အောက်တိုဘာလ ၂၇ နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ စစ်တပ်နဲ့ TNLA တို့ ရဲ့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တယ်လို့ TNLA က ယနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်လာပါတယ်။
May be an image of text
နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမှာဖြစ်ပြီး တအာင်းဒေသကိုလညစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများမပြုလုပ်ဘဲ နှစ်ဖက်တပ်များ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်ရပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ သဘောတူညီချက်ကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်ပြီး အသက်ဝင်မှာဖြစ်တယ်လို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကြားဝင်စီစဥ်ပေးတဲ့ အဲ့ဒီဆွေးနွေးပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့က တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်စဲဖို့ သဘောတူညီချက် ရရှိတာဖြစ်တယ်လို့ သိရပါတယ်။