တောင်ကြီးမြိုနယ် မှာ ဒီကနေ့ အောက်တိုဘာလ ၂၈ရက်၊ မနက်၉ နာရီအချိန်ခန့်ကမီးပုံးပျံ ယမ်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသား ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရပါတယ် ။

ဖါမွန်းကျေးရွာ အုပ်စု၊ ကောင်ရွေးရွာ မှာမီးပုံးပျံ ယမ်းမီးပေါက် ကွဲမှုကြောင့် နေအိမ်တစ်လုံး မီး လောင် ပျက်စီးပြီးအမျိုး သမီးတစ်ဦး သေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ ကြက်ခြေနီ အဖွဲ့တွေဆီက သိရပါတယ် ။

မှာလွတ်တင်မယ့် မီးကြီး မီးပုံးပျံ အမျိုးအစားဟာ ယမ်းမီးများကို အခြေခံပြီးပြုလုပ်ရတဲ့ အမျိုးအစားဖြစ်တဲ့အလျှောက် လူနေအိမ် ရပ်ကွက်တွင်းမှာ မပြုလုပ်သင့်ပဲ ပေါက်ကွဲလွယ်တဲ့အရာ ယမ်းကိုင် တွယ်သူ၊ မီးရှူး မီးပန်းလုပ်သူများ မပေါ့ဆကြဖို့အတွေ့ကြုံရှိသူ မြို့ခံများကသတိပေးထားပါတယ် ။

တောင်ကြီး တန်ဆောင်တိုင်ပွဲ တော် ကာလမှာ လူနေအိမ်မီးလောင်ခြင်း သို့မဟုတ် ယမ်းပြုလုပ်သူတွေ ထိခိုက်သေဆုံးခြင်း ပွဲလည်ပတ်သူများထဲက ယမ်းမီးထိမှန်သေဆုံးခြင်းတွေတစ်ခုမဟုတ်တစ်ခု ဖြစ်ပွားလေ့ရှိယ်လို့ မြို့ခံတွေဆီကသိရ ပါတယ် ။