ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွေးကောက်ပွဲပြုလုပ်ခြင်းထက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အာဆီယံက ပိုလိုလား စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ထား

ရွေးကောက်ပွဲပြုလုပ်ခြင်းထက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အာဆီယံက ပိုလိုလား စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ထား

Hsan Loi Editor
27/10/2025
Share:

လာမယ့် ဒီဇင်ဘာလမှာ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲထက် နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်တန့်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲ မကျင်းပခင်မှာ လုပ်ဆောင်ရမယ်လို့ အာဆီယံထိပ်ပိုင်း ခေါင်းဆောင်များက အလေးပေး ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိခြင်း အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ ယမန်နေ့က အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ဆွေးနွေး ဆုံးဖြတ်ချက်အရ သိရပါတယ်။

ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိမချင်း အာဆီယံထိပ်သီး အစည်းအဝေးများတွင် စစ်ခေါင်းဆောင် တက်ရောက်ခြင်းကို ဆက်လက်ကန့်သတ်ထားမှာဖြစ်ပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားပြုမှုကိုသာ တက်ရောက်ခွင့်ပြုထားမယ်လို့ ဆုံးဖြတ်ထား ကြပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5PC)ကို အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အရပ်သားများနှင့် နေအိမ် အဆောက်အအုံများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သူ အားလုံးမှ ရပ်တန့်ရန် တိုက်တွန်းထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံအတွင်းအခြေအနေများနဲ့ ပြုလုပ်ရန် ပြင်ဆင်နေတဲ့ ရွေးကော်ပွဲအတွက် မြန်မာနိုင်ငံဘက်မှ အစီရင်ခံတင်ပြလာမှုများအပေါ် အာဆီယံက မှတ်သားထားတယ်လို့ သိရပါတယ်။