နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ၁၄ နှစ်ကြာ စောင့်ဆိုင်းပြီးနောက် အာရှတိုက်ရဲ့ သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့ အရှေ့တီမော သည် အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာ

အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ၁၄ နှစ်ကြာ စောင့်ဆိုင်းပြီးနောက် အာရှတိုက်ရဲ့ သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့ အရှေ့တီမော သည် အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာ

Hsan Loi Editor
27/10/2025
Share:
အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ၁၄ နှစ်ကြာ စောင့်ဆိုင်းပြီးနောက် အာရှတိုက်ရဲ့ သက်တမ်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့ အရှေ့တီမော ဟာ အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖို့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ လက်မှတ်ထိုးအတည်ပြုလိုက်တယ်လို့ သိရပါတယ်။May be an image of dais and text
“တီမောလက်စတေလူမျိုးများအတွက် အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ရုံ သာမကဘဲ ကျွန်ုပ်တို့ လျှောက်လှမ်းရမယ့် ခရီးလမ်းအတွက် အားကောင်း တဲ့ အတည်ပြုချက်ဖြစ်တယ်၊ တီမောလူမျိုးများ၏ စိတ်ဓာတ်၊ လွတ်လပ်ရေးတိုက်ပွဲမှ ပေါက်ဖွားလာတဲ့ နုနယ်သေးသည့် ဒီမိုကရေစီ၏ သက်သေဖြစ်တယ်” လို့ တီမော ဝန်ကြီးချုပ် ဂူစ်မာအို က မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အရှေ့တီမောသည် ပေါ်တူဂီလူမျိုး၏ ရာစုနှစ် ၃ ခုကြာ အုပ်ချုပ်မှုခံခဲ့ရပြီး ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီသည် ၎င်း၏ကိုလိုနီမှ ရုတ်တရက်ထွက်ခွာသွားခဲ့ကာ အိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ နယ်ချဲ့ သိမ်းပိုက်မှုဖြင့် ပဋိပက္ခဆက်လက် ခံစားခဲ့ရကာ ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေး အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ်။
တီမောလက်စ်တေ လို့လည်းခေါ်ဆိုတဲ့ အရှေ့တီမောဟာ လူဦးရေ ၁ ဒသမ ၄ သန်းသာရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အာရှတွင် ဆင်းရဲမွဲတေမှု အမြင့်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ကာ ၎င်း၏ စီးပွားရေး တန်ဖိုးမှာ ၂ ဘီလီယံဒေါ်လာခန့်သာရှိပြီး အာဆီယံ၏ စုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး ၃ ဒသမ ၈ ထရီလီယံဒေါ်လာ၏ သေးငယ်သောအစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။
Ref: Reuters