သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော်ကာလ မရောက်သေးပေမယ့် ပွဲကွင်းအနီးနှင့် မြို့တွင်းနေရာ အချို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော်ကာလ မရောက်သေးပေမယ့် ပွဲကွင်းအနီးနှင့် မြို့တွင်းနေရာ အချို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

Hsan Loi Editor
25/10/2025
Share:
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကာလ မရောက်သေးပေမယ့်လည်း တန်ဆောင်တိုင်ကွင်းအနီးနှင့် မြို့တွင်းနေရာအချို့တွင် လူသွားလူလာများထူထပ်ကာ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် မြို့တွင်းဖြတ်သန်းမောင်းနှင် ပြေးဆွဲနေကြတဲ့ တွဲကားများနှင့် ကုန်တင်ယာဉ်များ အားလုံးကို ပွဲတော်ကာလအတွင်း ယာယီဖြတ်သန်းသွားခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း မြို့အာဏာပိုင်တွေက ယမန်နေ့က ကြေညာထားပါသည်။May be an image of motorcycle, scooter, road and twilight
“ တန်ဆောင်တိုင်ပွဲတောင်မရောက်သေးဘူး အဝေရာကွင်းလမ်းဘက်နားဆို ကားတွေပိတ်ကြပ်ပြီး လူတွေလည်း ရှုတ်ရှပ်ခတ်နေတာပဲ၊ ပွဲကွင်းလမ်းဘေးက ဆိုင်ခန်းတွေ ဖွင့်ပြီး စရောင်းနေကြပြီ၊ လမ်းမှာကားတွေလည်းကြပ်လို့ စျေးကအပြန်မှာ ၄၅ မိနစ် ၁ နာရီကြာလောက် စောင့်ရတယ်” ဟု မီးပုံးပျံကွင်းအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက Hsan Lai Voice ကိုပြောပါသည်။
မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ကုန်တင်ကားကြီးများဖြစ်သည့် တွဲကားကြီးများ၊ Express ကားများနှင့် ဆီဘောက်ဆာကားများအနေဖြင့် ယခုလ ၂၉ ရက်မှ နောက်လ ၅ ရက်နေ့အထိ ညနေ ၄ နာရီမှ နံနက် ၄ နာရီအတွင်း မြို့တွင်းလမ်းကြောင်းအား ဝင်ရောက်ဖြတ်သန်းခွင့် ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ရှောင်လမ်းကိုတော့ လာမည့်အောက်တိုဘာလ ၂၈ ရက်နေ့မှစကာ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပြီး အဆင်းလမ်းအဖြစ် အသုံးပြုနိုင်ကြောင်း အသိပေးကြေညာထားသည်။
ယခုနှစ် နေ့လွတ်အရုပ်များပြားမှုကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး နေ့လွှတ်အရုပ် မီးပုံးပျံများ စတင်လွှတ်တင်မည်ဖြစ်ကာ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ဖွင့်ပွဲနှင့်အတူ ညမီးကြီးများ စတင်လွှတ်တင်သွားမည်ဖြစ်ကာ ပွဲတော်ကို ၈ ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ထားသည်။