တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီးမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၁ရက်၊ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်က တောင်ကြီး-ဟိုပုံးသွားလမ်းမကြီး၊ မိုင်တိုင်အမှတ်၊ 122/7နဲ့ 130/0 ကြား၊ လက်ပံပင်ကွေ့ လမ်းအကွေ့ကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ ၁၂ဘီးကားကို ဝင်တိုက်မိတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

” ၁၂ ဘီးကားသမားက ပွဲချင်းပြီး ပဲ ၊တစ်ဖက်ကားသမားလဲ ခြေထောက်တွေထိထားတယ် အကွေ့တွေ ကြီးတယ် အဲ့လိုနေရာမှာကားမရပ်သင့်ဘူး ကုန်တင်ကား တွေကတစ်ရက်တစ်ရက်ကိုရာနဲ့ချီဖြတ်နေတာလေ ဒီလမ်းက ဆိုင်ကယ်သမားတွေရော အိမ်စီးတွေခရီးသည် တင်ယာဥ်တွေ အသုံးပြုနေကြတယ်လေ ကားကြီးသမားတွေ အရှိန်ထိန်းသွားဖို့လိုတယ် ” လို့ တောင်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့်၁၂ဘီး ကုန်တင်ကားယာဥ်မောင်းက အခင်းဖြစ်နေရာမှာ ပွဲခြင်းပြီးသေဆုံးသွားခဲ့ပြီး ဆီဘောက်ဆာကားယာဥ်မောင်းမှာ ဝဲဘက်ခြေသလုံးမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပါတ်သက်လို့ ဆီဘောက်ဆာကား ယာဥ်မောင်းကို သက်ဆိုင်ရာက ဥပဒေအရအရေးယူဆောင်ရွက်ထားတယ်လို့သိရပြီးတွဲကားတွေကုန်တင်ကားတွေအနေနဲ့ ယာဥ် အန္တရာယ် သတိပေးဆိုင်းဘုတ်တွေ ကို သတိထားလိုက်နာသင့်တယ်လို့ဒေသခံတွေက အကြုံပြုတိုက်တွန်းထားပါတယ် ။