နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါ-နမ္မတူ ကားလမ်းပေါ်ရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရ

သီပေါ-နမ္မတူ ကားလမ်းပေါ်ရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရ

Hsan Loi Editor
19/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ် ဆက်သွယ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီး ခံရတယ်လို့ SSPP က ယနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ နမ္မတူချောင်းပေါ်ရှိ မိုးတေတံတားဟာ ယမန်နေ့ ည ၈ နာရီကျော် အချိန်မှာ မိုင်းခွဲဖျက်ဆီးခံရပြီး တံတား၏ အလယ်နေရာတွင် ကျိုးကျပျက်စီး သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
၎င်းထုတ်ပြန်ထားတဲ့ထဲမှာ “မိုင်းခွဲသံတော့ တော်တော်ကျယ်တယ် ၅ ချက်လောက်ကြားရတယ်၊ အဲ့ချိန် လေယာဉ်တွေ ဒရုန်းတွေတော့ မလာဘူး” လို့ မြေပြင်သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ပါရှိပါတယ်။
လက်ရှိအချိန်မှာ ၎င်းနေရာကို ဖြတ်သန်းသွားလာရေးအတွက် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(TNLA) မှ စက်လှေနဲ့ ပို့ဆောင်ပေးနေတယ်လို့ဆိုပါတယ်။
May be an image of body of water and text that says 'ม REC.00:01:4 E D+ AL 0:0000000 0.0000000 0000000 ACFT 22 6787786 97.3194608 1410 ALT'
မိုးတေချောင်းတံတားဟာ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့ကို အဓိက ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ဒီတံတားကို ဘယ်အဖွဲ့အစည်းက ဖောက်ခွဲဖျက်ဆီးတယ်ဆိုတာ Hsan Loi Voice အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ သီပေါဒေသရှိ မိုးတေတံတားကို TNLA က မိုင်းခွဲဖျက်ဆီးသွားတယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။
မိုးတေတံတားဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ယခု ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရတာပဲဖြစ်ပါတယ်။